သားအဖချင်း စကားများရာက သားက အဖေကို ဓားနဲ့ထိုးလို့ သေဆုံး

0 13
0 13

ပဲခူး၊ ဇွန် ၂၇၊ ၂၀၂၅။

ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်မှာ သားအဖချင်းစကားများရာက သားက အဖေဖြစ်သူကို ဓားနဲ့ထိုးလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ဦးဉာဏ်လင်းဖြစ်ပြီး ဇွန် ၂၅ ရက် ည ၁၀ နာရီကျော်မှာ ၎င်းရဲ့သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် ချစ်ဦးမောင်နဲ့ နေအိမ်ထမင်းစားခန်းအတွင်း စကားများရန်ဖြစ်ရာက သားဖြစ်သူကဓားနဲ့ထိုးလို့ သေဆုံးသွားတာလို့ ဆိုပါတယ်။

” ထမင်းစားနေရင်းနဲ့ထဖြစ်တာ။ သားလုပ်သူက ထရင်းပန်းကန်စင်ကို တိုက်မိသွားရာက စကားများကြတာ။ သူတို့နှစ်ယောက်တည်းအနောက်မှာ ရန်ဖြစ်နေကြတာ။ အရင်ကလည်းဖြစ်နေကြ။ အရင်ကလည်း ဒီအတိုင်းစကားများပြီး ပြီးသွားတာ။ ဖြစ်တဲ့အချိန်မှာ နှစ်ယောက်စလုံးအရက်သောက်ထားတယ်။ တူတူသောက်တာတော့မဟုတ်ဘူး” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ပဲခူးမြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

စကားများရန်ဖြစ်ချိန် သားဖြစ်သူက အရိုးအသွား ၁၀ လက်မခန့်ရှိ ကော်ရိုးတပ်စတီးဓားနဲ့ထိုးခဲ့လို့ ဦးဉာဏ်လင်းရဲ့ ညာဘက်လက်မောင်းပြတ်ရှ၊ ဓားဦးချွန် ချိုင်းအောက်ဖောက်ဝင်ကာ သွေးကြောမကြီးပြတ်တောက်တဲ့အပြင် အဆုတ်ကိုလည်းထိသွားလို့ ပြင်းထန်ဒဏ်ရာနဲ့ ပဲခူးဆေးရုံတင်ပို့စဥ် ဆေးရုံအရောက်မှာသေဆုံးသွားတာလို့ သိရပါတယ်။

ဖခင်ကို ဓားနဲ့ထိုးခဲ့တဲ့ သားဖြစ်သူကိုတော့ ရဲက ညတွင်းချင်းဖမ်းဆီးပြီး ပဲခူး အမှတ် ၂ ရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေ ၂၀ ရက်ကလည်း ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ၃ လမ်းနေ အသက် ၁၃ နှစ်အရွယ် မောင်သက်မင်းနိုင်ကို တရပ်ကွက်တည်းနေသူ အမျိုးသား ၂ ဦးက ငွေရလိုမှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။