ရေစကြိုတိုက်ခိုက်မှုမှာ စစ်အုပ်စုအထိနာလို့ ရေတပ်က ပစ်ကူပေးရ

0 2
0 2

ရေစကြို၊ ဇန်နဝါရီ ၂၉၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေကို ဇန်နဝါရီလ ၂၇ ရက်ညက တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်ကအထိနာတဲ့အတွက် ရေတပ်ကပစ်ကူခဲ့ရတယ်လို့ Myingyan Black Tiger(MBT) ဆီက သိရပါတယ်။

မြင်းခြံမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာကျေးရွာမှာတပ်စွဲထားချိန် ည ၈ နာရီခွဲလောက်မှာ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ချိန် ၄၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

“မင်းရွာမှာက စစ်တပ်နဲ့ပျူက အင်အား ၇၀ လောက်နဲ့ တပ်စွဲထားတာကို ကျနော်တို့က ပထမအကြိမ် လက်နက်ကြီး ၆ ချက်တပြိုင်တည်းပစ်ချလိုက်တာ၊ စုစုပေါင်းက လက်နက်ကြီး ၃၁ ချက်ပစ်လိုက်တာ၊ ဒီကောင်တွေခုခံအားကျသွားတော့ ချင်းတွင်းမြစ်ထဲကနေ ရေတပ်ကလှမ်းပစ်လို့ ကျနော်တို့ဆုပ်ခွာလာခဲ့တာ၊ ဒီကောင်တွေထိခိုက်မှုများနိုင်တယ်”လို့ MBTအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ Myingyan Black Tiger (MBT)နဲ့အတူ ROYAL EAGLE PEOPLE DEFENCE FORCE၊ Ye.Baw.Gyi (PDF)၊ ဗိုလ် ၆၀ ပြောက်ကြားတပ်၊The Volue Of Young Men၊ဘချောင်းဦး (ပ.လ.ဖ) ၊VOMDY-Front Warrior၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၄ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီလ ၂၇ ရက်မနက်ပိုင်းကလည်း သူတို့အဖွဲ့ဟာ ရေစကြိုမြို့အမှတ် ၂၊ စည်ပင်သာယာရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။