စစ်ကောင်စီသတင်းပေး ကြံ့ခိုင်ရေးစည်းရုံးမှူး နန်းထိုက်အောင်စစ်ဆင်ရေးအရ ပစ်ခတ်ခံရပြီးသေဆုံး

0 2
0 2

ပဲခူး၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျုံပါချောင်းနဲ့ကုလားတဲစုရွာကြားမှာ စစ်ကောင်စီသတင်းပေး ကြံခိုင်ရေးစည်းရုံးမှူး ၁ ဦးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဦးတင်မောင်ထွန်း ဆိုသူ အာဝါဒေးဝိုင်းကအပြန် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မနေ့ကဒီဇင်ဘာလ ၂၇ ရက်နေ့ည ၁၁ နာရီဝန်းကျင်မှာ ကုလားတဲစုရှိ အာဝါဒေးဝိုင်းကနေပြန်လာတဲ့ ဝေါမြို့နယ်၊ အရှေ့ဘက်ကမ်းနေ ဦးတင်မောင်ထွန်း ကို နန်းထိုက်အောင်စစ်ဆင်ရေးအရ ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ဝေါ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူအကိုက ဝေါ အရှေ့ဘက်ကမ်း အုပ်ကြီး နာမည်က ကျားကြီး။ သူက ကြံခိုင်ရေးကစည်းရုံးရေးမှူး။ သူက လက်ရှိ စစ်တောင်းမြစ်ရိုးတလျှောက်မှာ စကစအတွက် ငွေလိုက်တောင်းပေးနေတာ။ စကစ အမာခံဘဲ။ သူက CDM ဝန်ထမ်းတွေကို စကစကိုဖမ်းခိုင်းတာ။ PDF တွေ သွားလာမယ့်လမ်းတွေကိုလည်း စကစကို သတင်းပေးတာ။ သူက ဝေါမြို့နယ်သား။ သနပ်ပင်က သူ့မိန်းမရွာမှာ သွားရှောင်နေလို့ လိုက်ရှင်းလိုက်တာ” လို့ ပြောပါတယ်။

ဦးတင်မောင်ထွန်းကို သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ရာ ဦးခေါင်းနဲ့ဝမ်းဗိုက်မှာ သေနတ်မှန်ပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ အလောင်းကိုတော့ စစ်ကောင်စီအဖွဲ့ဝင်တွေက လာရောက် စစ်ဆေးပြီး နေအိမ်ကို ပြန်ယူသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းကလည်း ပဲခူးတိုင်း ဝေါမြို့၊ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင် ဖောက်ခွဲခံရလို့ ရုံးအဆောက်အဦး ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံတွေဟာ မြို့နယ်အတွင်းက ဆိုင်ကယ်စီးပြည်သူတွေကိုပါ ခေါင်းစဥ် အမျိုးမျိုးတပ်ကာ ခြိမ်းခြောက်ဖမ်းဆီး၊ ငွေညှစ်နေတာတွေ ပြုလုပ်နေသလို သာယာဝတီမြို့မှာ ဒီဇင်ဘာလလယ်လောက်ကစပြီး ဆိုင်ကယ်စီးပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးနေသလို ဘဲလ်တပ်မထားတဲ့ စက်ဘီးတွေကိုလည်း ကျေးရွာတွေအထိ လိုက်လံဖမ်းဆီးခဲ့တာတွေ ပြုလုပ်ခဲ့နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။