အင်အားဖြည့်ဖို့သွားတဲ့ စစ်အုပ်စုမိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

0 7
0 7

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းကနေ မြင်းမူနယ်ဖက်ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီတပ်သားတွေ ဒီဇင်ဘာလ ၂၃ ရက်နေ့လည်ပိုင်းလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းက မြင်းမူမြို့နယ်၊ ထီးဆောင်းရွာကို အင်အားဖြည့်ဖို့သွားချိန် ညောင်ပင်ဝန်းရွာနဲ့ပျော့ရွာအကြားကိုအရောက်မှာ အသင့်ထောင် ထားတဲ့ပဒေသာမိုင်း ၁၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ Demon King Defence Force မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတွေက ခြေကျင်သွားတာ။ အဲဒီနောက်က ကားတစီးက လိုက်ပါလာတယ်။ ကားပေါ်ကကောင်တွေနဲ့ ခြေကျင်သွားတဲ့ကောင်တွေ စုစုပေါင်းကတော့ သုံးဆယ်ကျော်လောက်ရှိတယ်။ ကျနော်တို့က မိုင်းတွေကို ခွဲလိုက်တဲ့အခါမှာ သုံးကောင်က နေရာမှာတင်သေတယ်ဗျ။ နောက်ထပ်လည်း တော်တော်များများ ဒဏ်ရာရသွားတယ်” လို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်တိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က သေဆုံးသူ ၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေများတဲ့အတွက် ထီးဆောင်းကျေးရွာကို ဆက်မသွားတော့ဘဲ ညောင်ပင်ဝန်း ရဲစခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

“ကျနော်တို့မိုင်းဆွဲပြီးတဲ့အခါမှာလည်း သူတို့ဘက်က ပြန်လည်ပစ်ခတ်ချိန်တောင် မရခဲ့ဘူးဗျ။ ချက်ချင်းပဲ ရဲစခန်းကို ပြန်ဆုတ်သွားခဲ့တယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်တစုံတရာ မရှိခဲ့ဘူး”လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်မှာလည်း ညောင်ပင်ဝန်းရဲစခန်းရှေ့လမ်းမပေါ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကို Demon King Defence Force အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့က ၄၀ မမ ပရိန်ကျည် ၃ လုံး၊ ဖို့တီး ၂ လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။