myaelatt athan

Sharing Information to the Local

သရက် GTI ကျောင်းက ကျောင်းသားနဲ့ကျောင်းသူ ၃ ဦးရေနစ်သေဆုံး

0
0

မကွေး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

မကွေးတိုင်း၊ သရက်မြို့ရှိ GTI ကျောင်းက ကျောင်းသား ကျောင်းသူ ၃ ဦး ရေပေါ်ကျွန်းကျေးရွာမှာ ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့လည် ၂ နာရီလောက်မှာ ရေပေါ်ကျွန်းကျေးရွာအနောက်ဘက် ရေသေအင်းထဲမှာ ရေဆင်းကူးချိန် ကျောင်းသား ၁ ဦးနဲ့ ကျောင်းသူ ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့က သရက် GTI က ကျောင်းသားတွေ။ ကျောင်းပိတ်ရက် ပျော်ပွဲစားထွက်တဲ့သဘောနဲ့လာတာ။ လာတာ ၈ ဦး။ ၃ ဦးက ရေနစ်သေသွားတယ်။ သိရေလာက်က သူတို့တွေက ဝက်ထီးကန်ဘက်ကလို့ သိရတယ်။ သူတို့ နာမည်နဲ့ အခြားအချက်အလက်တွေက မသိရဘူး”လို့ ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကျောင်းသားကျောင်းသူတွေဟာ အသက် ၂၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ကိုသီဟစိုး၊ ချောသရဖူစိုးနဲ့ မမေမြတ်နိုးဝေတို့ဖြစ်ပြီး သူတို့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေရဲ့အကူအညီနဲ့ ညနေ ၃ နာရီလောက်မှာ ပြန်ဆယ်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

သေဆုံးသူ ၃ ဦးအနက် အမျိုးသားအလောင်းကိုတော့ ကားလမ်းကြောင်းကနေ မိသားစုတွေက ဝက်ထီးကန်ကို ပြန်သယ်သွားသလို ကျောင်းသူတဦးအလောင်းကိုတော့ ရေလမ်းကနေ အောင်လံဘက်သယ်သွားပြီး ကျန်နေတဲ့ ကျောင်းသူတဦးရဲ့အလောင်းကိုတော့ သရက်ဆေးရုံ ရင်ခွဲရုံမှာ ထားရှိထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။