⁨ပုန်းမကြည်ဆည်နေ့စားဝန်ထမ်း စစ်မှုထမ်းဟောင်း ၁ ဦး ပစ်သတ်ခံရ

0 23
0 23

မလှိုင်၊ နိုဝင်ဘာ ၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ရေကမိုးကျေးရွာအနီး ပုန်းမကြည်ဆည် ဝန်ထမ်းလိုင်းခန်းမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်းအမျိုးသား ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေနတ်ပစ်ခံရသူဟာ ရေကမိုးကျေးရွာသား စစ်မှုထမ်းဟောင်းအငြိမ်းစားဖြစ်သူ အသက် ၅၆ နှစ် အရွယ် ဦးအုန်းလွင် ဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီကျော်မှာ ၎င်းရဲ့ဝန်ထမ်းလိုင်းခန်းနေအိမ်မှာရှိနေချိန် သေနတ်သမားတွေက လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“သူက စစ်မှုထမ်းကနေ ထွက်လာပြီးတော့ ရွာမှာနေတယ်။ တပ်သားအဆင့်နဲ့ ထွက်ထားတာလို့ သိရတယ်။ ပစ်တာက UG အဖွဲ့တခုက ရှင်းသွားတာလို့တော့ သိရတယ်။ တချက်တည်းပဲ။ သူက ရွာထဲမနေရဲလို့ အဲ့မှာ(ပုန်းမကြည်ဆည်အနီးမှာ) သွားနေနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဦးအုန်းလွင်မှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲသေဆုံးသွားပြီး စစ်ကော်မရှင်တပ်ဖွဲ့တွေဘက်က လာရောက်စစ်ဆေးကာ အလောင်းကိုယူဆောင်သွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်ဖြစ်သလို ပုန်းမကြည်ဆည်မှာလည်း နေ့စားဝန်ထမ်းအဖြစ်လုပ်ကိုင်နေသူဖြစ်ကာ ကျေးရွာအတွင်းပြဿနာတစုံတခုဖြစ်ပါက ရဲနဲ့တပ်ကို မကြာခဏ ချိတ်ဆက်ခေါ်ဆောင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ ပုန်းမကြည်ဆည်နေ့စားဝန်ထမ်း ၁ ဦးကို PDF ၄ ဦးက ဒလန်ဆိုကာ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ စွပ်စွဲဖော်ပြထားကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်မှာလည်း မလှိုင်မြို့နယ်၊ မလှိုင်-ဆည်တိုသွားကားလမ်း၊ ကံကျေးရွာလမ်း ဆုံအနီးမှာ သဲကန်ကျေးရွာနေအမျိုးသား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။