အကျဥ်းသားမထားဘဲ စစ်တပ်ကတပ်စွဲထားတဲ့ ထောင်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်းမုံရွာမြို့နယ်၊ သာစည်ရွာက အကျဥ်းထောင်အသစ်မှာ အကျဥ်းသားမထားပဲ ဝင်ရောက်တပ်စွဲနေတဲ့စစ်သားတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ DRPA က သတင်းထုတ်ပြန်ထားပါတယ်။

အင်အား ၃၀ လောက်နဲ့တပ်စွဲထားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်ည ၉ နာရီခွဲလောက်မှာလက်နက်ကြီးတွေနဲ့ နာရီဝက်ကြာခန့်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကျနော်တို့ မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ ၆၀ မမ ၁၂၀ မမ တွေနဲ့ သွားပစ်တာဗျ။ သာစည်လမ်းတလျှောက် စစ်တာဆေးတာတွေဒေသခံတွေကို ဖိနှိပ်တာတွေ လုပ်နေတဲ့အတွက် မုံရွာပကဖရဲ့ ခွင့်ပြု့မိန့်ယူပြီး mission ဖော်ဆောင်ခဲ့တာဗျ” လို့ DRPA ရဲ့သတင်းတာဝန်ခံကပြောပါတယ်။

မဟာမိတ်တွေတိုက်ခိုက်ချိန်မှာ စစ်သားတွေပြန်ပြီးပစ်ခတ်တာမျိုး မလုပ်တော့ကြောင်း ဒီဇင်ဘာလ ၁၆ ရက်ညက စီးပွားရေးတက္ကသိုလ်ကျောင်းနားက ကင်းဂိတ်ကို တိုက်ခိုက်တုန်းကမဟာမိတ်တွေ ပစ်ခတ်နေတဲ့ဘက်ကို ထွက်လာတဲ့စစ်သားတချို့ မိုင်းကွင်းမိပြီးအထိနာထားတာရှိသလို အခုအခါမှာလည်း အရက် မူးနေတာနဲ့ အရင်လိုမိုင်းကွင်းထိမှာ ကြောက်ပြီး ပြန်မပစ်တော့တာလို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ထောင်အတွင်းရှိ ကင်းစခန်းတခုမီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားတွေရဲ့ထိခိုက်မှုကို မသိရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ မဟာမိတ်တပ်ပေါင်းစုံအဖွဲ့ဝင်တွေဖြစ်တဲ့ DRPA(မုံရွာ)မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း24-MONYWARANGER TRUTHARMY၊MACYပြောက်ကျားတပ်ဖွဲ့၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ FUTURESTAR(L.P.D.F)၊ Thousand Of Silver Stars နယ်မြေစည်းမခြားပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

DRPA အဖွဲ့ ဟာဒီဇင်ဘာလ ၇ ရက်ကလည်း စစ်ကောင်စီဖမ်းဆီးထားရာကထွက်ပြေးလာသူကို လိုက်ဖမ်းတဲ့စစ်တပ်နဲ ကနီမြို့နယ်၊ဆင်တန်းရွာအနီးမှာထိပ်တိုက်တိုးပြီး နာရီဝက်ကြာ ပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။