ပုလဲမှာ ပျူစောထီးနဲ့ PDF ၂ ကြိမ်တိုက်ပွဲဖြစ်

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၂၁ ရက်မနေ့ကတရက်တည်းမှာတင် ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။

ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာရဲစခန်းကပြန်လာတဲ့ပျူစောထီးတွေနဲ့ မနေ့ကနေ့လည် ၁၁ နာရီလောက်မှာ တကြိမ်နဲ့ ညနေ ၃ နာရီခွဲလောက်က သပြေအေးကျေးရွာအနောက်ဘက်မှာတကြိမ် စုစုပေါင်း ၂ ကြိမ်ထိတွေ့မှုဖြစ်ခဲ့တာလို့ Pale Jokers PDF မှ ဗိုလ်ပုလဲကပြောပါတယ်။

“မနေ့က ကန့်ဒေါင့်ရဲစခန်းကို ပျုတွေကအင်အားဖြည့်ပြီးပြန်လာတာ။ ကျနော်တို့က ဦးနှောက်ရွာရဲ့အနောက်ဘက်အရောက်မှာ နေ့လည် ၁၁ နာရီလောက်က လမ်းကနေစောင့်ပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး တကြိမ်ထိတွေ့မှုဖြစ်တာ။ နောက်ထပ်သပြေအေးရွာအနောက်ဘက်မှာတခါ ညနေ ၃ နာရီခွဲအချိန်မှာ အဲဒီပျူတွေနဲ့နာရီဝက်ကျော်ကျော်လောက်တိုက်ပွဲထပ်ဖြစ်တယ်” လို့ ပြောပါတယ်။

အဲ့ဒီပျူစောထီးတွေဟာ ဇီးဖြူကုန်းကျေးရွာကဖြစ်ပြီး တိုက်ခိုက်ချိန်မှာ အင်အား ၄၀ ဝန်းကျင်ရှိကာ လက်ရှိအချိန်ထိ ထိခိုက်သေဆုံးသူအခြေအနေကို မသိရှိရသေးဘူးလို့လည်း ဗိုလ်ပုလဲကပြောပါတယ်။

“ပျူအင်အားက ၄၀ ကျော်လောက်ပါပဲ။ ဇီးဖြူကုန်းရွာကပျူတွေပါ။ သေဆုံးမှုတော့ပြောလို့မရသေးပါဘူး။ ဒဏ်ရာရသူတွေကို တွဲခေါ်သွားရတာတော့တွေ့ရပါတယ်။ ပစ်ခတ်တိုက်ခိုက်ပြီးပျူတွေက ဇီးဖြူကုန်းရွာဘက်ကို ပြန်သွားတယ်”လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Pale Jokers PDF၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၉၊ ၂၀၊ ၁၂၊ ၈၊ ၇နဲ့ M7 PDA အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းကလည်း ပုလဲမြို့ပေါ်ကထွက်လာတဲ့ စစ်သားအင်အား ၂၀ ခန့်ကို မြကုန်းကျေးရွာအနောက်ဘက်မှာ Pale Jokers PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။