6 October 2026 3:58 PM

ပြည်မြို့နယ်တွင် ယခုနှစ်မှကျောင်းပြန်အပ်သူများကို ပညာရေးမှူးရုံးနှင့်ဘဏ်တွင် ဒဏ်ငွေများသွင်းခိုင်း

0 1
0 1

ပဲခူး၊ မေ ၃၁၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပြည်မြို့နယ်တွင် ယခုနှစ်မှ ကျောင်းပြန်အပ်သူများကို ဒဏ်ငွေများ ဆောင်ခိုင်းနေကြောင်း မြို့ခံကျောင်းသားမိဘများထံကသိရသည်။

စစ်ကောင်စီလက်အောက်ခံ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးရက်များကို မေလ ၂၆ ရက်နေ့က စတင်ကာ ကျောင်းအပ်လက်ခံခဲ့ရာ ပြီးခဲ့သည့်နှစ် အာဏာသိမ်းပြီး ကျောင်းအပ်နှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ဘဲ ယခုနှစ်မှ ကျောင်းပြန်အပ်သူများကို ပညာရေးဝန်ထမ်းများက စစ်မေးခြင်း၊ မကြားဝံ့မနာသာ စကားများ ပြောဆိုခြင်း ကျောင်းပြောင်းလက်မှတ် တောင်းခံရာတွင်လည်း ဒဏ်ငွေများကို ဆောင်ခိုင်းခြင်းတို့ လုပ်ဆောင်နေခြင်းဖြစ်သည်။

“ကလေးတွေကို အလယ်တန်းအဆင့်ပဲရှိတဲ့ကျောင်းကနေ အထက်တန်းအဆင့်ကျောင်းကိုပြောင်းဖို့ ကျောင်းပြောင်းလက်မှတ်တောင်းတာကို မနှစ်က ကျောင်းမအပ်လို့ဆိုပြီး ဒဏ်ငွေဆောင်ခိုင်းတယ်။ ဘဏ်ကိုလည်းသွားရတယ် သွင်းရတဲ့ငွေက မများပေမယ့် ဒဏ်ကြေးဆောင်ရတဲ့သူတွေ အများကြီးတွေ့တယ်။ သက်သက်မဲ့ ဒီနှစ်မှကျောင်းပြန်အပ်ရကောင်းလားဆိုပြီး နှိပ်ကွပ်တာ” ဟု ကျောင်းသားမိဘတဦးကပြောသည်။

ဒဏ်ငွေများကို ပညာရေးမှူးနှင့် ဘဏ်သို့သွားရောက်ပေးဆောင်ခဲ့ရပြီး ယခင်နှစ်ကထက် ကျောင်းလာအပ်နှံသူများပြားကြောင်း သိရသည်။

“ဒီနှစ်ကမနှစ်ကထက် ကျောင်းအပ်တဲ့သူများတယ်၊ ကျနော်လိုက်ကြည့်တာမှာ အတော်များများလာအပ်နေကြတယ်။ တချို့ကလည်း မလွန်ဆန်နိုင်တာတို့ မတတ်သာတဲ့အဆုံး အပ်ကြပုံရတယ်၊ ရပ်ကွက်တွေထဲမှာကလည်း တခြားကလေးတွေကကျောင်းအပ်ပြီး ကိုယ့်ကလေးက မအပ်ရင် ဘာလို့မအပ်တာလည်း ဆိုပြီး သတင်းပေးတွေက ရန်ရှာမှာလည်းစိုးရတယ်။” ဟု ကျောင်းဆရာဟောင်းတဦးကပြောသည်။

ပြည်မြို့နယ်တွင်း အထက(၁)၊ အထက(၄)၊ အထက(၅)၊ ပန်းဘဲတန်း အလက၊ ရွှေဟင်္သာတိုက်တန်း အလက၊ ရွှေတံခါး အလက။ ကန်ပေါ်ရိပ်သာ အလက၊ ကျောင်းများတွင် ကျောင်းအပ်နှံသူများပြားပြီး အထက(၂)၊ အလက(၂) ကျောင်းအပ်နှံသူနည်းပါးပြီး၊ အထက(၃) အရပ်ဘက်အပ်နှံသူနည်းကာ စစ်တပ်အသိုင်းအဝိုင်းက အပ်နှံသူများပြားခဲ့ကြောင်း စောင့်ကြည့်လေ့လာသူတဦး ထံကသိရသည်။

Latest Post

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။