ရိုက်နှက်ဖျက်ဆီး ဖမ်းဆီးမှုများကြားက အသံတိတ်သပိတ်မှာပူးပေါင်းနေတဲ့ ပြည်မြို့

0 1
0 1

ပဲခူး၊‌ ဖေဖော်ဝါရီ ၁၊ ၂၀၂၂။

စစ်အာဏာသိမ်းခြင်းတနှစ်ပြည့် အသံတိတ်သပိတ်ကို ပြုလုပ်ခြင်း ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ရန် စစ်ကောင်စီက နည်းမျိုးစုံသုံးလျှက်ရှိပြီး ပဲခူးတိုင်း၊ ပြည်မြို့မှာလည်း အသံတိတ်သပိတ်တွင် ပါဝင်သည်ဟု ယူဆရသူများကို ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း မြို့ခံများထံကသိရသည်။

အသံတိတ်သပိတ် ပြုလုပ်နေသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ပြည်လမ်းမတော်လမ်းရှိ ပိတ်ထားသော ဆိုင်များကို ဖျက်ဆီးဝင်ရောက်ခြင်း၊ ဓါတ်ပုံမှတ်တမ်းများရိုက်ခြင်း၊ လူငယ်များအား ရိုက်နှက်ဖမ်းဆီးခြင်းများကို ပြုလုပ်နေကြောင်း မြို့ခံများထံကသိရသည်။

“မနက်က လမ်းမတော်ကပိတ်ထားတဲ့ဆိုင်တွေကို ဖျက်တာ ဓါတ်ပုံမှတ်တမ်းရိုက်တာ‌တွေလုပ်တယ်။ ကလေးတွေကို ရိုက်နှက်ဖမ်းသွားတာလည်းရှိတယ်။ ဆိုင်ကတော့အဖွင့်ပြထားတယ်။ စောင့်တဲ့သူပဲထားတယ်။ အသွားအလာကတော့ မနက်ပိုင်းမှာရှိတယ် ဆယ်နာရီကျော်တော့ မရှိတော့ဘူး” လို့ မြို့ခံဆိုင်ဝန်ထမ်းတဦးကပြောသည်။

စစ်ကောင်စီထောက်ခံသူများဘက်ကလည်း နံနက် ၁၀ နာရီမထိုးခင် လူသွားလူလာ ရှိသည့်နေရာများတွင် ဓါတ်ပုံမှတ်တမ်းများ လိုက်လံရိုက်ပြီး လူစည်သည့်ပုံများ လုပ်ကြောင်း၊ နေ့လည် ၁၂ နာရီခန့်တွင်လည်း ပြည်ဆေးရုံကြီးရှေ့လမ်းဆုံတွင် တပ်ထောက်ခံပွဲဟောပြောနေကြောင်း မြို့ခံများထံကသိရသည်။

“ဆယ်နာရီကျော်တော့ လမ်းသွားလမ်းလာမရှိတော့ဘူး မြို့ထဲလို လူစည်ကားတဲ့နေရာမှာကို လူမရှိတော့တာ ဆိုင်တွေကတော့ ဖွင့်ထားကြတယ်။ သူတို့လည်း ဂိမ်းဆော့တဲ့သူနဲ့ စာအုပ်ဖတ်သူနဲ့ အိပ်နေတဲ့သူနဲ့ လာမှမဝယ်ကြတာ အခုတော့ ဆေးရုံနားမှာ တပ်ထောက်ခံပွဲလုပ်နေတယ်။” ဟု မြို့ခံတဦးကပြောသည်။

အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် ယမန်နေ့ညက ပြည်မြို့တွင် သံချပ်ကာကားအပါအဝင် စစ်ယာဥ်တန်းဖြင့် လိုက်လံကြေညာခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။