နတ်တလင်းမြို့က တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးနေအိမ်ကို စစ်ကောင်စီချိတ်ပိတ်

0 6
0 6

ပဲခူး၊ မတ် ၁၀၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းလွတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ချိတ်ပိတ်ခဲ့ကြပါတယ်။

နတ်တလင်းမြို့က ဦးမောင်မောင်ဦးရဲ့ တာပွန်လမ်းက နေအိမ်နဲ့ အရှေ့ခြမ်း ပဲဲမခမ်းရွာက ဦးကျော်ကျော်နိုင်တို့ရဲ့ နေအိမ်တွေကိုချိတ်ပိတ်ခဲ့တာလို့ သိရပါတယ်။

“နတ်တလင်းအနောက်ခြမ်းတိုင်း ၁ ကိုယ်စားလှယ် ဦးမောင်မောင်ဦးရဲ့ တာပွန်လမ်းအိမ်နဲ့ တိုင်း ၂ က နတ်တလင်းအရှေ့ခြမ်း၊ ပဲမခမ်းရွာက ဦးကျော်ကျော်နိုင်ရဲ့ အိမ်တွေကို ဒီနေ့နေ့လည် ၂ နာရီလောက်မှာ စစ်ကောင်စီက ချိတ်ပိတ်လိုက်ပါတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီက တရားစွဲဆိုထားတဲ့ ကိုမောင်မောင်ဦးနေအိမ်အပါအဝင်၊ တရားစွဲခံရတဲ့ အခြားအိမ်တွေကိုလည်း ဝရမ်းတွေ လိုက်ကပ်ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် သာယာဝတီမြို့က NLD ရွေးချယ်ခံကိုယ်စားလှယ် ဦးကျော်ကိုကိုစိန်ကို ပုဒ်မ ၅၀၅(က)နဲ့ အမူဖွင့်ဖမ်းဆီးပြီး ရွေးကောက်ပွဲမှာမဲလိမ်ခဲ့ကြောင်း လက်မှတ်ရေးထိုးဖို့ညှိနိူင်းခဲ့ပေမယ့် ငြင်းဆန်ခဲ့တာကြောင့် မတ်လ ၈ ရက်နေ့ကထောင် ၃ နှစ်ချမှတ်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။