27 July 2026 6:11 AM

ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၁၂၊၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်မားပင်မြို့နယ်ရဲစခန်းမှာ ဇန်နဝါရီ ၈ ရက်က ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၅ ဦးကို ဇန်နဝါရီ ၁၁ ရက် မနေ့က ညပိုင်းမှာ ကယ်ထုတ်လာခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

အဲ့ဒီရဲစခန်းကို မနေ့က ည ၇ နာရီခွဲလောက်ကတည်းက လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၈ နာရီလောက်မှာ ကယ်ထုတ်လာနိုင်ခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံက ပြောပါတယ်။

“၁၁ ရက်နေ့ညမှာ ၇ နာရီခွဲ လောက်မှာပဲပြီး လက်နက်ကြီးနဲ့ ပစ်တယ်။ ဗိုလ်သူရိန်အဖွဲ့ရယ်၊ ဟီးရိုးတိုက်ဂါးရယ် ကနီခေါင်းဆောင်၊ ဗိုလ်နဂါးတို့လည်းပါတယ်။ ၈ နာရီလောက်မှာ ဖမ်းချုပ်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်” လို့ သူက ပြောပါတယ်။

ဒီလုပ်ဆောင်ချက်ကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၊ Pale People’s Defence Force PPDF၊ Hero Tiger Force တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်ညကလည်း အဲ့ဒီရဲစခန်းကိုပဲ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။