တံတားဦးမှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ တပ်သား ၃ ဦးသေဆုံး

0 4
0 4

မန္တလေး၊ ဇန်နဝါရီ ၆၊ ၂၀၂၂။

တံတားဦးမှာ ဒီဇင်ဘာ ၅ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့ တပ်သား ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ Young Fighters People’s Defence Force of Myaung -YFPDF ဆီကသိရပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ တံတားဦးဘက်ကိုထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကား ၁ စီးကို သေနတ်စစ်ရွာအနီးမှာ မိုင်း ၃ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ YFPDF ရဲ့ တာဝန်ခံကပြောပါတယ်။

“ ၆ ဖွဲ့ပူးပေါင်းပြီး ပြောက်ကျားမိုင်းဆွဲတာပါ၊ မိုင်း ၃ လုံးပါ၊ သူတို့ဘက်က ၃ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရပါတယ်” လို့သူကပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က နောက်ထပ် အင်အား ၁၀၀ ကျော်ရောက်ရှိလာပြီး ဖောက်ခွဲခံရတဲ့ အနီးနားတဝိုက်တောနင်းပြီး ရှာဖွေတာတွေလုပ်ခဲ့တယ်လို့လည်း YFPDF ရဲ့ တာဝန်ခံက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ပြီး YFPDF၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ NZ FIVE STARအဖွဲ့၊ တော်ဝင်ဒေဝီ(ငါန်းဇွန်) နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။