စပါးရိတ်ပြီး ပြန်လာသူကို ပျူစောထီးတွေ သေနတ်နဲ့ ပစ်လို့ သေဆုံး

0 2
0 2

မကွေး၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၁။

ပေါက်မြို့နယ်‌တောင်ပိုင်း ဇီးတောရွာကို ပျူစောထီး ၁၄ဦး ဝင်ရောက်မွှေနှောက်ခဲ့ပြီး စပါးရိတ်ပြီး ပြန်လာတဲ့ အမျိုးသားတဦးကို ‌သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ဇီးတော၊ ရွာသစ်၊ တပ်ကုန်းရွာတွေကို ဒီနေ့ မနက် ၁၁နာရီဝန်းကျင်မှာ ဆိုင်ကယ် ၈စီးနဲ့ ပျူစောထီး ၁၄ယောက် ရွာတွေကို ဝင်ပြီး အိမ်တွေကို ဖျက်ဆီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ပျူစောထီးအဖွဲ့တွေ ရွာထဲကိုပတ်ပြီး မွှေသွားပါတယ်၊အမျိုးသမီးတွေပဲတွေ့လို့ တောင်ဘက်ကိုဆိုင်ကယ်နဲ့မောင်းသွားပါတယ်၊တောင်နားကျ စပါးရိတ်ပြန်လာတဲ့ ၁ ယောက်ကိုပစ်သတ်ခဲ့ပါတယ်၊ အဲဒီနားမှာပွဲချင်းပြီးတစ်ခါထဲကိုသေသွားပါတယ်၊အချက်ပေါင်းမနည်းပါဘူးပစ်သွားကြတာ” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရသူ အမျိုးသားဟာ နံရိုးကြားကို ထုတ်ချင်းပေါက်ဝင်သွားပြီး အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။