မင်းလှမြို့နယ်က ကျေးရွာတွေ ဗုံးကြဲခံရ

0 5
0 5

မင်းလှ၊ ဧပြီ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၂၂ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မင်းလှမြို့နယ်ထဲက ညောင်သုံးပင်၊ အညာတန်း၊ သင်္ကန်းချောင်နဲ့ ဦးတိုရွာ(တောင်စု)ထိပ်အနီးတို့ကို ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် စက်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့တာပါ။

“ဗုံးကြဲပစ်ခတ်ခံရတဲ့ရွာတွေက ညောင်သုံးပင်ရွာလည်း တိုက်ခိုက်ခံရတယ်၊ အညာတန်းရွာမှာက ဗုံးက ရေကန်ထဲကျတာတဲ့ ကျောက်တံခါးဘုန်းကြီးကျောင်းလည်းထိတယ်။ ဒါပေမယ့် လူမနေလို့ ထိခိုက်မှုမရှိဘူး။” လို့ ‌ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

လေကြောင်းမတိုက်ခိုက်ခင် အဲ့ဒီနေ့မနက် ၁၁ နာရီလောက်က မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမှာ စစ်ကောင်စီတပ်သား ၁ ဦးပစ်ခတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး အဲ့ဒီနောက်မှ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်ညကလည်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးစခန်းအနီးကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲချခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ အထက်ပါပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

စစ်ကောင်စီဟာ ဧပြီ ၂ ရက်ကစတင်ကာ ဧပြီ ၃၀ ရက်အထိ ယာယီအပစ်ရပ်ဆဲကြောင်း ကြေညာထားခဲ့ပေမယ့် အရပ်သားနေအိမ်တွေကို လေကြောင်းကနေဗုံကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဆက်လက်လုပ်ဆောင်လျှက်ရှိနေပါတယ်။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။