လက်ပစ်ဗုံးနဲ့ပြန်ခုခံဖို့လုပ်တဲ့ ပျူစောထီးရဲ့ဇနီးဖြစ်သူ ပစ်ခတ်ခံရပြီးသေဆုံး

0 6
0 6

မင်းလှ၊ ဧပြီ ၁၆၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်က ပျူစောထီးတဦးရဲ့ ဇနီးဖြစ်သူသေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာက ပျူစောထီးဆိုသူ ထွန်းထွန်းဝင်းရဲ့ဇနီး အသက် ၄၀ အရွယ် ဒေါ်စာဥဖြစ်ပြီး ဧပြီ ၁၃ ရက်ည ၉ နာရီမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ထွန်းထွန်းဝင်းကို ပစ်ခတ်ဖို့သွားချိန် ၂ ဦးစလုံးက လက်နက်တွေနဲ့ ပြန်လည်ခုခံကြတဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာဖြစ်ပြီး ကိုထွန်းထွန်းဝင်းကတော့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“ထွန်းထွန်းဝင်းမိန်းမက ကျနော်တို့ရဲဘော်တွေကို လက်ပစ်ဗုံးနဲ့ပြန်ပစ်ဖို့ စနက်တံဖြုတ်ဖို့ လုပ်နေတာကိုမြင်လို့ ခေါင်းကို ၃ ချက်ပစ်ခဲ့တာ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က တာဝန်ရှိသူက ပြောပါတယ်။

၎င်းတို့လင်မယားကို သာယာဝတီခရိုင် တပ်ခွဲ ၅ က ဖမ်းဆီးခဲ့ဘူးပြီး တောင်းပန်တဲ့အတွက် ပြန်လွှတ်ထားတာလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် သူတို့တွေဟာ PDF တွေရဲ့အခြေအနေကိုစောင့်ကြည့်ပြီး စစ်ကောင်စီတပ်သားတွေကို သတင်းပေးနေသူတွေဖြစ်သလို ပြည်သူတွေကိုလည်း ထောက်ပို့လုပ်တယ်ဆိုကာ ဖမ်းဆီးခိုင်းတာမျိုးတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒေါ်စာဥရဲ့အလောင်းကိုတော့ ဧပြီ ၁၅ ရက် မနေ့ကမွန်းလွဲပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကလည်း မင်းလှမြို့နယ် သင်တောကန်အုပ်စု အုပ်ချုပ်ရေးမှူးကို ကြည်လှိုင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ မင်းလှ ပကဖတို့က သေနတ်ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ – သေဆုံးသူစာဥနှင့် သိမ်းဆည်းခဲ့သည့် လက်ပစ်ဗုံး။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။