⁩ ⁨သာယာဝတီနယ်က စစ်တပ်အမာခံ လက်ပစ်ဗုံးကိုင် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ ပစ်ခတ်ခံရ

0 24
0 24

သာယာဝတီ၊ ဩဂုတ် ၅၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်က လက်ပစ်ဗုံးကိုင် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို သြဂုတ်လ ၅ ရက် ဒီကနေ့မနက် ၂ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဥဦးထံက သိရပါတယ်။

သာယာဝတီမြို့နယ် ကျောက်တွင်းကျေးရွာအုပ်စု၊ မင်းလမ်းရွာက အုပ်ချုပ်ရေးမှူးတဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ ဦးမြင့်ကြိုင်နဲ့ ရာအိမ်မှူးကိုကျော်အောင်တို့ကို ပစ်သတ်ခံခဲ့ရတာလို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဦးမြင့်ကြိုင်ကို သူရဲ့နေအိမ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး၊ ရာအိမ်မှူးကိုကျော်အောင်ကိုတော့ ဖမ်းဆီးလာစဉ် ထွက်ပြေးဖို့ကြိုးစားတာကြောင့် လမ်းမှာပစ်သတ်ခဲ့ရတာလို့ ဆိုပါတယ်။

“ကိုမြင့်ကြိုင်ကတော့ ခေါင်းကိုပစ်ခဲ့တာပါ။ ကျော်အောင်ကတော့ ရင်ပတ်ကို။ ကိုမြင့်ကြိုင်ဆီက လက်ပစ်ဗုံး ၂ လုံး သိမ်းလို့ ရခဲ့တယ်” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ မြေပြင်စစ်ရေး ဒုတာဝန်ခံ ရဲဘော်ကျော်ကြီးက ပြောပါတယ်။

အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ စစ်မှုထမ်းစုဆောင်းရာမှာ ဦးဆောင်သူတွေဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အမာခံထောက်တိုင်တွေ ဖြစ်သလို၊ သာယာဝတီနယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို သူတို့နေအိမ်တွေမှာ ဧည့်ခံတည်းခိုကြပြီး ရာအိမ်မှူးအိမ်မှာ ကင်းပုန်းဝပ်လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မနက် ၁၀ နာရီခွဲကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ် တောင်လယ်အုပ်စု အောင်ချမ်းသာရွာသစ်နေ ခလရ ၅၃ တပ်က စစ်မှုထမ်းဟောင်း ကိုအောင်ကိုဝင်း ကိုလည်း တော်လှန်ရေးတပ်သားတွေက သူရဲ့နေအိမ်မှာ သေနတ်နဲ့ သွားရောက်ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။