စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကိုယ်ဝန်သန္ဓေသားနဲ့ မိခင်လောင်းအပါအဝင် အမျိုးသားတဦးသေဆုံး

0 6
0 6

အရာတော်၊ ဇူလိုင် ၁၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကံရင်းကျေးရွာမှာ ဗုံးထိမှန်လို့ ကိုယ်ဝန်သန္ဓေသားနဲ့ မိခင်လောင်း အပါအဝင် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ညနေ ၃ နာရီကျော်ခန့်မှာ နမခက နေတက်လာတဲ့ စက်တပ်လေထီး ၃ စီးနဲ့ ကံရင်းကျေးရွာမြောက်ပိုင်းကို ဗုံး ၃ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ဗုံးတွေက လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ကြား ကျတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးက (ကိုယ်ဝန်)၈ လရှိပြီ။ ကလေးအသက်ကယ်တာတော့ မရလိုက်ဘူး။ အမျိုးသား ၁ ယောက်ကလည်း ဦးနှောက်ထွက်ပြီး ကယ်မရလိုက်ဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့အိမ်မှာ နေနေတာ။ အမျိုးသားကတော့ စားပွဲထိုးလုပ်နေရင်းထိတာ”လို့ ရွာခံတဦးက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၃၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်မိခင်နဲ့အသက် ၄၀ ဝန်းကျင်အမျိုးသားတို့နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒါ့အပြင် အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသမီး ၁ ဦးလည်း​ ဒဏ်ရာကသွားသလို လက်ဖက်ရည်ဆိုင်၊ နေအိမ် ၁ လုံးနဲ့ ရွာဘုံသုံးရေစက်လည်းပျက်စီးသွားတယ်လို့ သိရပါတယ်။

ဗုံးကြဲခံရပြီးနောက်မှာတော့ နောက်ထပ် ဗုံးကြဲခံရမှာစိုးရိမ်ပြီး ရွာခံအချို့ကတော့ကျေးရွာကနေ တိမ်းရှောင်သွားတာမျိုးရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ ခန့်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။