မင်းဘူးခရိုင်တပ်ရင်း ၅ ရဲ့ရှေ့ကင်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ ဦးကျဆုံး

0 2
0 2

စလင်း၊ ဇွန် ၂၅၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခြင်ထောင်ကျေးရွာအနီးမှာ မင်းဘူးခရိုင်တပ်ရင်း ၅ ရဲ့ရှေ့ကင်းကို စစ်ကော်ရှင်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးကျဆုံးတယ်လို့ တပ်ရင်းတာဝန်ရှိသူဆီက သိရပါတယ်။

ဇွန် ၂၄ ရက်မနက် ၁၀ နာရီခန့်မှာ မြေနီကုန်းကျေးရွာဘက်ကနေ တက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့စောင့်ဆိုင်းနေချိန်မှာ ကင်းအဖွဲ့နေရာကို ဒရုန်းနဲ့တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

“မိုင်းတွေကာပြီး ရဲဘော်တွေက လုပ်ငန်းလုပ်ဖို့စောင့်ဆိုင်းနေတဲ့အချိန် ကင်းပုန်းပွိုင့်ကို ဒရုန်းနဲ့လာချသွားတာ။ ကင်းပုန်းပေါ်ကိုတည့်ကျတာလို့ပြောရမယ်။ ကင်းထောက်ဒရုန်းကြောင့်ရော ပတ်ဝန်းကျင်က သတင်းပေးတဲ့အခြေနေလည်းရှိလောက်တယ်။ ကင်းကတုတ်းကျင်းထဲတည့်ကျတာ”လို့ မင်းဘူးခရိုင်တပ်ရင်း ၅ တာဝန်ရှိသူက ပြောပါတယ်။

ဒရုန်းထိမှန်တာကြောင့် အသက် ၂၀ ကျော်အရွယ် တပ်စုမှူး PK၊ တပ်ဖွဲ့၀င် KKနဲ့ နေမင်းတို့ကျဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ဗုံးချပြီးနောက် လက်နက်ကြီး ၂ လုံးထပ်မံပစ်ခတ်ခဲ့သေးပေမယ့် ထိခိုက်တာမှုထပ်မရှိတော့ဘူးလို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

ဒရုန်းထိမှန်ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကို ကောက်ယူပြီး သင်္ဂြိုဟ်လိုက်သလို ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသနေတယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်ပြီးနောက် စစ်ကြောင်းဟာ ရှေ့တက်မလာဘဲ မြေနီကုန်းနဲ့ ပေါင်းကူးရွာတွေမှာ ဇွန် ၂၅ ရက်ဒီက‌‌နေ့ထိ အထိုင်ချနေတယ်လို့ အထက်ပါတာ၀န်ရှိသူက ဆက်ပြောပါတယ်။

ခလရ ၂၅၃၊ ၂၅၄ တပ်၊ ရဲ နဲ့ ပျူ စောထီးတွေပူးပေါင်းထားတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဇွန် ၂၄ ရက်နေ့မနက်အစောပိုင်းမှာ စလင်းမြို့ကနေ ထွက်လာတာဖြစ်ပြီး စလင်း-ကံပြားလမ်းကိုထိန်းချုပ်ဖို့နဲ့ ပေါင်းကူးရွာ၊ မြေနီကုန်းရွာတွေမှာစာသင်ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ဇွန် ၇ ရက်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အိုင်းမကျေးရွာရှိ PDF စခန်းတခုကို စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်စီးနင်းတာခဲ့‌တာကြောင့် PDF ၂ ဦးကျဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။