စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ ခုမှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

0 3
0 3

ကန့်ဘလူ၊ ဇွန် ၁၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ရွှေဘိုနဲ့ချောင်းဦးမြို့နယ်တို့မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။

ဇွန် ၁၉ ရက်ဒီကနေ့မှာကျရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ် ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နယ်မြေခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူလူထု၊ ကျောင်းသားလူငယ်တွေပူးပေါင်းကာ နှင်းဆီလှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြတာပါ။

အဲ့ဒီလှုပ်ရှားမှုအတွင်း ဘုရားကို နှင်းဆီပန်းဆက်ကပ်လှူဒါန်းတာ၊ အရိပ်အပင်တွေစိုက်ပျိုးတာ၊ ပြည်သူလူထုဆီ နှင်းဆီပန်းမျှဝေတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် နှင်းဆီသပိတ်လှုပ်ရှားမှုအနေနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက် စတဲ့ကြွေးကြော်သံတွေကိုလည်း ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူနှင်းဆီပန်းလှုပ်ရှားမှုအတွင်း ခရမ်းပြာကြာပန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို ပုံဖော်ခဲ့ကြသလို နှင်းဆီပန်းကိုင်ဆောင်ကာ မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။