ဘတ္ထရီအိုးနဲ့မီးထွန်းရာက မီးလောင်မှုဖြစ်ပြီး နေအိမ် ၅ လုံးမီးလောင်

0 1
0 1

မန္တလေး၊ ဇန်နဝါရီ ၁၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ နယ်မြေ (၄) ရပ်မှာ ဘတ္ထရီအိုးနဲ့ LED မီးထွန်းရာက မီးလောင်မှုဖြစ်ပြီး နေအိမ် ၅ လုံးမီးလောင်ခဲ့တယ်လို့ မီးလောင်ချိန်ကူညီပေးခဲ့သူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်မနက် ၁၀ နာရီကျော်မှာ အသက် ၄၆ နှစ်အရွယ် ဦးစိုးထိုက် ရဲ့နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

“မီးထွန်းထားတဲ့ မီးသီးကနေ ရှော့ဖြစ်ပြီး မီးပွားတွေက အောက်ကစာရွက်ပုံပေါ်ကျပြီး မီးက ထရံကိုကူးပြီး မီးလောင်မှုဖြစ်တာ”လို့ မီးလောင်ချိန်မှာကူညီပေးခဲ့သူက ပြောပါတယ်။

မီးလောင်လို့ သွပ်မိုး၊ ထရံကာ၊ နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့ပြီး လူတွေကတော့ထိခိုက်မှုမရှိဘူးလို့ သူကပြောပါတယ်။

မီးလောင်ချိန် အမရပူရမြို့နယ်မီးသတ်၊ အရန်မီးသတ်တွေနဲ့ ဒေသခံလူမှုကူညီရေးအသင်းတွေ၊ ဒေသခံပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မီးလောင်ပြီး ၁ နာရီခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၁၆ ဦးဟာ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ ယာယီနေထိုင်နေကြပြီး ဦးစိုးထိုက် ကတော့ မီးပေါ့ဆမှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမရပူရနယ်မြေရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ အထက်ပါကူညီပေးခဲ့ကပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆ လမ်းနဲ့ ၆၈ လမ်းကြား၊ ၂၈ လမ်းနဲ့ ၃၀ လမ်းကြားရှိ တိုင်းအကူရဲလိုင်းခန်းမှာ Portable Gas မီးဖိုနဲ့ ကြက်ဥပြုတ်ရာကနေ ရေခမ်းခြောက်ပြီးထရံကို မီးစတင်ကူးစက်လောင်ကျွမ်းရာမှ နေအိမ်လိုင်းခန်း ၈ ခန်း မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။