နတ်တလင်းမြို့နယ် ဆီဆုံကုန်းရွာကို စစ်ကောင်စီကစီးနင်းပြီး ရွာသားတချို့ကို သတ်ဖြတ်

0 2
0 2

ပဲခူး၊ ဇန်နဝါရီ ၂၀၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အတွင်းက ဆီဆုံကုန်းရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ရွာသားတချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ‌ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ဆီဆုံကုန်းရွာကို ဇန်နဝါရီ ၁၆ ရက် မနက် ၆ နာရီခွဲလောက်မှာ ပျူစောထီးအပါအဝင် အင်အား ၇၀ ဦးကျော်နဲ့ သေနတ်ပစ်ဖောက် ဝင်‌ရောက်လာပြီး ကျေးရွာအတွင်းက ကိုကျော်ကျော်၊ ကိုမင်းထိုက်၊ ကိုသန်းဇော်ဝင်းနဲ့ ကိုချက်ဖောင်းတို့ကို ဖမ်းဆီးပြီး ၃ ဦးကို သတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျော်ကျော်၊ မင်းထိုက်နဲ့ သန်းဇော်ဝင်းတို့ အဲဒီနေ့မှာပဲ သတ်ခဲ့တာပါ။ ကိုချက်ဖောင်းက အဲဒီနေ့ကပဲ ပြန်လွတ်လာတယ်။ သူ့(ချက်ဖောင်း)ရဲ့ ပိုက်ဆံ၊ ဆိုင်ကယ်၊ ဖုန်းနဲ့ ဝက်သားတွေ အကုန်အသိမ်းခံရတယ်။ အကုန်လုံးက အရပ်သား‌တွေပါ။” လို့ Phoenix DF ရဲ့ ပြန်ကြားရေးတာဝန်ခံက ‌ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆီဆုံကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်းတာဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ဆီဆုံကုန်းရွာမှာ စစ်အုပ်စုက တပ်စွဲထားတဲ့အတွက် ရွာသား ၃,၀၀၀ ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်က ယာယီတပ်စွဲထားတဲ့ ကျောက်ပြုတ်ရွာကနေ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦး သေကာ အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် ၈ ဦး ဒဏ်ရာရ ခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။