၇ နှစ်အရွယ်သမီးဖြစ်သူကို သတ်ဖြတ်ထွက်ပြေးတဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲဖမ်းဆီး

0 33
0 33

မြေလတ်အသံ၊ ဧပြီ ၃၊ ၂၀၂၆။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မင်ဘူရီခရိုင်မှာ အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကို သတ်ဖြတ်ထွက်ပြေးခဲ့တဲ့ မြန်မာအမျိုးသမီး ၁ ဦး ကော့လန်းကျွန်းကို ထွက်ပြေးတိမ်းရှောင်စဉ် ဖမ်းဆီးရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်က ဘန်ကောက်မြို့၊ မင်ဘူရီခရိုင်၊ ရမ်ခမ်းဟမ်း လမ်းသွယ် ၁၉၀ ရှိ နေအိမ် ၁ လုံးမှာ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသား မမျိုး (ခ) မမျိုးပပထွန်း က သူ့ရဲ့ အသက် ၇ နှစ်အရွယ် သမီးအရင်းကို လည်ပင်းညှစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ယမန်နေ့ ဧပြီ ၂ ရက် မွန်းလွဲပိုင်းမှာ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့နဲ့ ပတ္တရားခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ချွန်ဘူရီခရိုင်၊ ဘန်လမွန်ရှိ ကော့လန်းကျွန်းပေါ်က ဟိုတယ်အခန်း ၁ ခုမှာ မမျိုးပပထွန်း ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုယ်ရေးကိုယ်တာ ပြသနာတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ကာ ဧပြီ ၁ ရက် နေ့လယ် ၂ နာရီခန့်မှာ သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့ပြီးနောက် နောင်တရ စိတ်ပြောင်းကာ ကော့လန်းကျွန်းကို ထွက်ပြေးခဲ့တာဖြစ်ကြောင်း မမျိုးပပထွန်းက စကားပြန်ကနေတဆင့် ထွက်ဆိုချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တရားခံက ပြစ်မှုအားလုံးကိုဝန်ခံထားပြီး သူ့မှာ စိတ်ကျရောဂါ (Depression) ခံစားနေရကာ လူနေမှုဘဝအခက်အခဲတွေ အမြဲကြုံတွေ့နေရသူဖြစ်တယ်လို့ပြောကြားခဲ့ပြီး မမျိုးပပထွန်းဟာ ဘရူနိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ရာကနေ ထိုင်းနိုင်ငံကိုရောက်ရှိလာတာ ရက်ပိုင်းသာ ရှိသေးတယ်လို့ သိရပါတယ်။

စိတ်ဖိစီးမှုတွေကြောင့် သမီးနဲ့အတူ သေကြောင်းကြံစည်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ တရားခံကို နောက်ထပ်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ဖို့ မင်ဘူရီရဲစခန်းကို ခေါ်ဆောင်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Ref – MGR online.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။