⁩ ⁨စလင်းမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသား ၃ ဦးဒဏ်ရာရ

0 0
0 0

စလင်း၊ ဩဂုတ် ၁၂၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကန်တော်ကျေးရွာနဲ့ နတ်တပ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသား ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဩဂုတ်လ ၁၁ ရက်နေ့မနက် ၁၁ နာရီခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးက နတ်တပ်ကျေးရွာကို ရောကတ်နဲ့ပစ်ခတ်ပြီးနောက် ကန်တော်ကျေးရွာကို ဗုံး ၅ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“နတ်တပ်မှာက ပြည်သူနေအိမ် ရောကတ်ထိပြီး၊ လူထိခိုက်တာတော့ မရှိဘူး။ ကန်တော်မှာကျ ရွာထိပ်မှာ ရွာခံတွေ အလုပ်ကိစ္စ စကားပြောနေကြချိန် ဗုံးကျလားပြီး ပေါက်ကွဲစတွေ ထိမှန်တာ”လို့ ​ဒေသခံတဦးက ပြောပါတယ်။

ပုံစာ – စစ်ကောင်စီတပ်ရဲ့ လေးကြောင်းတိုက်ခိုက်မှုကြောင် စလင်းမြို့နယ်၊ ကန်တော်ကျေးရွာမှ ဒဏ်ရာရခဲ့သူများ

နတ်တပ်ကျေးရွာမှာက ရော့ကတ်ထိမှန်လို့ နေအိမ်တလုံးပျက်စီးပြီး၊ ကန်တော်ကျေးရွာမှာက ဗုံးပေါက်ကွဲစထိမှန်လို့ အသက် ၂၀ ကျော်အရွယ် လူငယ် ၂ ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ အဆိုပါကျေးရွာ ၂ ရွာက ပြည်သူအများစုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့ကလည်း စလင်းမြို့နယ်၊ တောင်ဘိုကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရပြီး နေအိမ် ၈ လုံး ပျက်စီးခဲ့ပါတယ်။

ပုံစာ – စစ်ကောင်စီတပ်ရဲ့ လေးကြောင်းတိုက်ခိုက်မှုကြောင် စလင်းမြို့နယ်၊ ကန်တော်ကျေးရွာမှ ဒဏ်ရာရခဲ့သူများ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။