မြောင်မှာ လေကြောင်းကဗုံးကြဲလို့ ကလေး ၁ ဦးအပါ ၆ ဦးသေဆုံး

0 17
0 17

မြောင်၊ မတ် ၂၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်က လေကြောင်းကဗုံးကြဲတာကြောင့် ၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရတယ်လို့ နဘတ်တိုက်နယ်ပကဖ တာဝန်ရှိသူဆီက သိရပါတယ်။

မတ်လ ၂၃ ရက် မနက် ၁၂ နာရီခန့်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ရွာထဲကို ဗုံး ၄ လုံးကြဲချခဲ့ရာ ရွာလယ်ပိုင်းရှိနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“၄ လုံးက ရွာလယ်ခေါင် ၁ နေရာတည်းကျတာ။ ထိခိုက်သေဆုံးများတယ်။ ခုမနက်တင် ရှာရဦးမှာ။ အဲ့ထဲအသေပျောက်တွေ ရှိဦးမှာ။ ဘာပွဲမှမရှိဘူး။ ပြည်သူနေအိမ်ပေါ်ကျတာ။ အိမ်ခြေတွေကလည်း စိပ်တာဆိုတော့ မီးလောင်လို့ အိမ်ပျက်တာများတယ်”နဘတ်တိုက်နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် အသက် ၆ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးအပါအဝင် အသက် ၄၀ ကနေ ၅၀ ကြား အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး နေရာမှာတင်သေဆုံးကာ ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ ကနဦးသိထားရပြီး ထိခိုက်သေဆုံးသူ အရေအတွက်ပိုများနိုင်သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နွားအကောင် ၂၀ ကျော်သေဆုံးပြီး အိမ်ခြေ ၅၀ ကျော်မီးလောင်ပျက်စီးထားတယ်လို့ သိရပါတယ်။

သောင်ကြီးရွာမှာ အိမ်ခြေ ၁,၀၀၀၊ လူဦးရေ ၄,၀၀၀ ခန့်ရှိပြီး ဒေသခံအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မတ်လ ၂၀ ရက်ကလည်း မြောင်မြို့နယ်၊ နဘတ်ရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ရက်သားကလေးငယ်အပါအဝင် ၃ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။