ဘီဘီစီမြန်မာပိုင်းရဲ့ ရေဒီယို ညပိုင်းထုတ်လွှင့်မှုအစီအစဉ် ညစဉ် မိနစ် ၃၀ တိုးချဲ့ထုတ်လွှင့်မည်ဟု ကြေညာ

0 12
0 12

မြေလတ်အသံ၊ ဧပြီ ၁၊ ၂၀၂၅။

လတ်တလော အင်တာနက်နဲ့ ဆက်သွယ်ရေးအခက်အခဲရှိနေတဲ့ ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် သတင်းအချက်အလက် သိရှိနိုင်စေရန် ဘီဘီစီမြန်မာပိုင်းရဲ့ ရေဒီယို ညပိုင်းထုတ်လွှင့်မှုအစီအစဉ်ကို ညစဉ် မိနစ် ၃၀ တိုးချဲ့ထုတ်လွှင့်မယ်လို့ ဘီဘီစီမြန်မာပိုင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် လူနဲ့ အဆောက်အဦ ပျက်စီးဆုံးရှုံးမှုများခဲ့ရတဲ့ အရေးပေါ်အခြေအနေမှာ ပြည်သူတွေ သတင်းအချက်အလက်အမှန်ကို လျင်မြန်စွာသိရှိနိုင်စေဖို့အတွက် ဘီဘီစီမြန်မာပိုင်းရဲ့ ရေဒီယို ညပိုင်းထုတ်လွှင့်မှုအစီအစဥ်ကို ဧပြီ ၁ ရက် အင်္ဂါနေ့မှစတင်ပြီး ညစဉ် မိနစ် ၃၀ တိုးချဲ့ ထုတ်လွှင့်သွားမှာဖြစ်ပြီး လတ်တလော ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ လိုအပ်ချက်တွေနဲ့ နောက်ဆုံးရသတင်းတွေအပြင် ငလျင်ဒဏ်ခံခဲ့ရပြီး နောက်ဆက်တွဲ သိသင့်တဲ့ လိုက်နာလုပ်ဆောင်သင့်တဲ့ (လက်တွေ့အသုံးကျမည့်) အချက်အလက်တွေကိုလည်း ထည့်သွင်းတင်ဆက်သွားမယ်လို့ ဆိုပါတယ်။

ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း အောက်ပါလင့်တွေကနေ နားဆင်နိုင်ပါတယ်။

အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် – https://bbc.in/36EzLXM


ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် – https://bbc.in/2TSNLYZ


ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် – https://bbc.in/36H8bsY⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။