နဂါးနီပကဖအဖွဲ့က ပြည်သူနဲ့အတူ အရာတော်ကျေးလတ်လမ်းပိုင်းကို ပြုပြင်ပေး

0 0
0 0

စစ်ကိုင်း၊ ဇွန် ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ထဲက ပျက်စီးနေတဲ့ကျေးလက်လမ်းပိုင်းတချို့ကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နဂါးနီတပ်ခွဲ တပ်ဖွဲ့ဝင်တွေက ဒေသခံတွေနဲ့အတူ ကူညီပြုပြင်ပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁၇ ရက် မနေ့ကမနက်ပိုင်းမှာ အရာတော်မြို့နဲ့ကျေးရွာ ၅ ရွာကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းနေရာတွေမှာ မိုးရွာတာများပြီး ဒေသခံတွေသွားလာရတာ ခက်ခဲနေလို့ ရဲဘော် အင်အား ၂၀ ကျော်က သွားရောက်ပြုပြင်ပေးခဲ့တာလို့ သိရပါတယ်။

“လမ်းက ချိုင့်ခွက်တွေ မြောင်းတွေလိုဖြစ်နေတော့ သွားလာရတာခက်ခဲနေတယ်။ ယာဥ်အန္တရာယ် ဖြစ်မှာစိုးတာနဲ့ ကျေးလက်နေပြည်သူတွေ အဆင်ပြေဖို့ ကူညီလုပ်ကိုင်ရတာပါ”လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဂါးနီတပ်ခွဲမှ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

နဂါးနီတပ်ခွဲဟာ ပြည်သူကိုအခြေပြုထားတဲ့အဖွဲ့ဖြစ်သလို ပြည်သူကို စည်းရုံးရင်းနဲ့ တိုက်ပွဲဝင်မှ အောင်နိုင်မယ်လို့ ခံယူထားတဲ့အတွက် ပြည်သူတွေရဲ့အခက်အခဲကို ကူညီဆောင်ရွက်ပေးရတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ရွှေဘိုမြို့နယ်က စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ ပြည်သူအကျိုးပြုလုပ်ငန်းတွေလုပ်ကိုင်ရာမှာ လမ်းတံတားပြင်ရုံသာမက ရပ်ရွာလုံခြုံရေးနဲ့ စစ်ဘေးရှောင်တွေကို ကူညီပံပိုးတာတွေလည်း လုပ်ကိုင်နေပြီး၊ စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် လက်နက်ကြီးတချို့ကိုပါ ထုတ်လုပ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။