စစ်ကိုင်းမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့ပြီး ဓားစာခံဖမ်းလာတဲ့အမျိုးသား ၁ ဦးကိုလည်း သတ်သွား

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျီကုန်းရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဇွန်လ ၁၇ ရက် ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာ ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်မရွာကနေတဆင့် ကျီကုန်းရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး လူနေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ကျီကုန်းရွာကို မီးဝင်ရှို့ပြီး မနက် ၁၀ နာရီလောက်မှာ တမိုင်လောက်ဝေးတဲ့ကန်တော်ရိုးရွာထဲကို ထပ်ဝင်ပြီး မီးရှို့တယ်။ သူတို့ကန်တော်ရိုးဘက် ထွက်သွားတော့မှ ရွာထဲကို ပြန်ဝင်လာပြီး မီးငြှိမ်းရတာ” လို့ Local PDF တပ်ဖွဲ့က အမေ့သား (စစ်ကိုင်း)ခေါင်းဆောင် ကိုဘိုလေး က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းက ဓားစာခံအဖြစ်ဖမ်းဆီးလာတဲ့ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတဦးကိုလည်း ကျီကုန်းရွာအတွင်းမှာ လည်လှီးသတ်သွားတယ်လို့ ဆိုပါတယ်။

“သူတို့ (စစ်ကောင်စီ) လမ်းပြဓားစားခံအဖြစ်ဖမ်းလာတဲ့သူကိုလည်း သတ်သွားတယ်။ ဘယ်သူဘယ်ဝါလဲ ဆိုတာတော့ ကျနော်တို့ စုံစမ်းနေတုန်းပါ” လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ကန်တော်ရွာအတွင်းဝင်ရောက်နေဆဲဖြစ်လို့ ဒေသခံတွေလည်း နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကာ ကန်တော်ရွာ မီးရှို့ခံရမှုအရေအတွက် များနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်အတွင်းက ကျေးရွာတွေကို ဇွန်လ ၁၃ ရက်နေ့ကစတင်လို့ ဝင်ရောက်မီးရှို့နေတာဖြစ်ပြီး သာဇင်ရွာက နေအိမ် ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ အခြားကျေးရွာ ၃ ရွာထက်မနည်းကိုလည်း ဆက်လက်မီးရှို့ခဲ့တယ်လို့ သိရတယ်။

စာတည်း − ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။