အညာဒေသအတွက်လိုအပ်တဲ့ ဝေဟင်တိုက်ခိုက်ရေး နည်းပညာသင်တန်းပို့ချ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တခုမှာ ဝေဟင်ကနေပစ်ခတ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာမြင့်ဒရုန်းသင်တန်းတွေကို ပို့ချပေးနေတယ်လို့ Wings Of The Irrawaddy အဖွဲ့ကတဆင့် သိရပါတယ်။

အညာဒေသက နေရာစုံမှာ ပိုမိုထိရောက်တဲ့ ဝေဟင်တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ဒရုန်းပညာရှင်တွေ များစွာမွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ကာ နေရာစုံကအဖွဲ့တွေကို သင်တန်းပေးနေတာဖြစ်ပြီး အခုလက်ရှိ သင်တန်းသား ၄၀ နဲ့ ပထမဆုံးသင်ကြားပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒရုန်းအကြီးသုံးနိုင်တဲ့အဖွဲ့က အများကြီးမရှိသေးဘူး၊ အဲ့တာကြောင့် ကျနော်တို့က စာရော လက်တွေ့ရော အကုန်သင်ပေးမှာ၊ ဒရုန်းအကြီးတွေမောင်းဖို့ဆိုတာ လက်တော်တော်ငြိမ်ဖို့လိုတယ်၊ အဲ့တာကြောင့် လက်တွေ့ခန်းမှာ နေ့စဉ်လေ့ကျင့်ပေးပြီး ဒရုန်းတီထွင်နိုင်ဖို့လည်း တဖက်ကသင်ပေးသွားမှာ” လို့ Wings Of The Irrawaddy အဖွဲ့ဝင် ကိုညိုထွန်းဟန်က ပြောပါတယ်။

သင်တန်းမှာ ဒရုန်းမောင်းနှင်အသုံးပြုနည်းအပြင် ပတ်ဝန်းကျင်က အလွယ်ရနိုင်တဲ့ပစ္စည်းတွေနဲ့ ဒရုန်းတခု ကိုယ်တိုင်တည်ဆောက်နိုင်ဖို့၊ အ‌လေးချိန်ပိုများတဲ့ ဗုံးသီးတွေသယ်နိုင်တဲ့ ဒရုန်းကြီး တည်ဆောက်နိုင်ဖို့ စတာတွေကို ဦးစားပေးသင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခင်က ဒရုန်းတွေမှာ အများဆုံးသယ်နိုင်ရင် ၃၅၀ ဂရမ်လောက် အလေးချိန်ပါတဲ့ ဗုံးသီးအသေးကိုသာ သယ်နိုင်ပြီး ပစ်မှတ်ကိုတည့်တည့်ကျမှ ထိရောက်တာဖြစ်ကာ၊ အခုလက်ရှိ သင်ကြားပေးနေတဲ့ ဒရုန်းအကြီးကတော့ ၁ လီတာရေသန့်ဘူး ၅ ဘူးစာ သယ်နိုင်တဲ့အပြင် ပစ်မှတ်မတိကျလည်း ထိခိုက်မှုပြင်းထန်တယ်လို့ ကိုညိုထွန်းဟန်က ပြောပါတယ်။

ထုတ်လုပ်မှုကုန်ကျစရိတ်ပိုင်းကလည်း ပိုမိုကြီးမားလာကာ ဒရုန်းအသေးတွေက သိန်း ၆၀ လောက်သာကုန်ကျပေမယ့် အခုသင်ကြားနေတဲ့ ဒရုန်းတွေကတော့ သိန်း ၂၀၀ ထိ ကုန်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

တော်လှန်ရေးကာလမှာ ဝေဟင်ဒရုန်းတိုက်ခိုက်မှုတွေက စစ်ကောင်စီအတွက် အကြီးမားဆုံး ချိန်းခြောက်မှုတခုဖြစ်နေပြီး KNU ထိန်းချုပ်နယ်မြေမှာ Federal Wings ဒရုန်းတပ်ဖွဲ့၊ ကယားပြည်နယ်မှာ Falcon Wings ဒရုန်းတပ်ဖွဲ့၊ အညာဒေသမှာ Wings Of The Irrawaddy စတဲ့ အဖွဲ့တွေက နည်းပညာမြင့်ဒရုန်းကြီးတွေကို အသုံးပြုတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။