ခြံရောင်းရငွေနဲ့ တိုက်ပွဲဝင်ခဲ့ပေမယ့် ရပ်တည်ဖို့ခက်လာလို့ အလှူခံရပြီဟုဆို

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၆၊ ၂၀၂၃။

ကိုယ်ပိုင်ခြံကို ရောင်းချပေါင်နှံကာ ကိုယ်ပိုင်ငွေနဲ့ ရပ်တည်လာခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက်တဲ့ စွန်ရဲတပ်ဖွဲ့ MRDA၊ တပ်ရင်း ၆၊ တပ်ခွဲ ၁ တပ်ဖွဲ့ဟာ လက်ရှိမှာ ရန်ပုံငွေ လိုအပ်လာတယ်လို့ တပ်ဖွဲ့တည်ထောင်သူ ဗိုလ်သိန်းငှက်ကြီးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီး မကြာမီမှာပဲ စွန်ရဲတပ်ဖွဲ့ကို တည်ထောင်ခဲ့ပေမယ့် တပ်ဖွဲ့အမည်နဲ့ Facebook Page ဖွင့်တာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

“Page ထောင်ရကောင်းမှန်းမသိဘူး။ အိမ်ဝန်း(ခြံ) ရောင်းတာ၊ ပေါင်တာလုပ်ပြီး အာဏာရှင်တိုက်မယ်ဆိုပြီး လုပ်ဆောင်ခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ လက်နက်ကြီးတွေလည်း ချဲ့ထွင်လုပ်တယ်။ တိုက်ပွဲလည်းစိတ်လာတော့ ငွေကြေးကမတတ်နိုင်တော့လို့၊ အခုတော့စွန်ရဲ Page ထောင်ပြီး အလှူခံရတာ။” လို့ စွန်ရဲတပ်ဖွဲ့ တည်ထောင်သူ ဗိုလ်သိန်းငှက်ကြီးက ပြောပါတယ်။

ခြံရောင်းရငွေ ကျပ်သိန်း ၁၀၀၊ ခြံပေါင်နှံလို့ရငွေ ကျပ်သိန်း ၄၀ အပြင် ကိုယ်ပိုင်ထပ်မံစိုက်ထုတ်ငွေအပါ ကျပ်သိန်း ၅၀၀ ကျော် တော်လှန်ရေးအတွက် အသုံးပြုခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ၄၀၊ ၆၀၊ ၈၀၊ ၁၂၀ နဲ့ ၁၆၀ မမ လက်နက်ကြီး ကျည်မျိုးစုံနဲ့ လက်နက်ကြီးတွေကို ထုတ်လုပ်ကာ ကိုယ်တိုင်အသုံးပြု တိုက်ပွဲဝင်နေတာဖြစ်ပြီး လက်ရှိမှာလည်း ၈၀၊ ၁၂၀ နဲ့ ၁၆၀ မမတွေ ဆက်ထုတ်နေကာ ၁၈၀ မမ ကိုလည်း ထုတ်လုပ်ဖို့ စမ်းသပ်နေတယ်လို့ ဆိုပါတယ်။

စွန်ရဲအဖွဲ့ဟာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိ ၃ ရက်ကြာတိုက်ပွဲမှာ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့၊ Chindwin Toe Na Yar PDF၊ ယင်းမာပင်တပ်ရင်း ၂၉ စတဲ့အဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရာမှာလည်း ပါဝင်ခဲ့ကြ ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။