ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ပျူတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

0 1
0 1

မကွေး၊ ဇွန် ၁၆၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ (ပျူရွာ) ကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့တွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၁၄ ရက် နေ့လယ် ၂ နာရီခွဲကနေ ၃ နာရီခွဲအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေဆီက သိရပါတယ်။

အင်အား ၅၀ နီးပါးရှိ စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့တွေဟာ ကန်နီရွာရဲ့တောင်ဘက်ခြမ်းကို ထွက်လာတယ်လို့ သတင်းရရှိထားတဲ့အတွက် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီး ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က အရှေ့တည့်တည့်ကို ထွက်လာပြီးတော့မှ တောင်ဘက်ခြမ်းကို ချိုးသွားတယ်။ တောင်ဘက်ခြမ်းမှာက ကျနော်တို့ မိုင်းကွင်းရှိတယ်။ အဲဒီမိုင်းကွင်းကို သူတို့က ကျော်သွားတော့ ကျနော့်ရဲ့နီးစပ်ရာ မဟာမိတ်အဖွဲ့တွေကို လှမ်းခေါ်ပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်” လို့ ပခုက္ကူခရိုင် အမှတ် (၁၇) တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုဘီလုံးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲလို့လည်း ဆိုပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေဟာ ကန်နီ(ပျူရွာ)ထဲကို ညနေ ၅ နာရီလောက်မှာ ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ကန်နီရွာမှာ ရှိနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေမှာ ရိက္ခာတွေပြတ်တောက်နေပြီဖြစ်တယ်လို့ ကြားသိရပြီး အခုလို ရိက္ခာတွေ ပြတ်တောက်နေပေမယ့်လည်း မြိုင်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ကူညီဖြေရှင်းပေးနေတာမျိုး မရှိဘူးလို့ ကိုဘီးလုံးက ဆက်ပြောပါတယ်။

ပစ်ခတ်မှုကို ပခုက္ကူခရိုင်အမှတ် (၁၇) တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် (၁၀)တပ်ရင်းမှ MRG တပ်ခွဲ၊ ဗိုလ်စနေ Local အဖွဲ့နဲ့ PK Local အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။