စစ်ကိုင်းနယ်က ပျူစောထီးတွေပိုင်တဲ့ ကား ၂ စီးကို ဒေသခံ PDF တွေက မီးရှို့ဖျက်ဆီး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၉၊ ၂၀၂၃။

စစ်ကိုင်းမြို့နယ်က ပျူစောထီးစခန်းအဖြစ် တပ်စွဲထားတဲ့ မာလဲတောရွာမှာ စစ်အုပ်စု အသုံးပြုနေတဲ့ကား ၂ စီးကို မီးရိူ့ဖျက်ဆီးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ က ဇူလိူင် ၈ ရက် မနေ့ညက သတင်းထုတ်ပြန် ထားပါတယ်။

ဇွန်လ ၅ ရက် နေ့လယ် ၁ နာရီခန့်က စစ်သားနဲ့ပျူစောထီး အင်အား ၅၀ လောက်နဲ့ တပ်စွဲထားတဲ့ မာလဲတောရွာမှာ ပျူစောထီးတွေပိုင် ဖောကားနဲ့ ပုစဥ်းခေါင်းထော်လာဂျီတို့ဘုန်းကြီးကျောင်းအနီး ရွာအစွန်က အိမ်တွေအရှေ့ ရပ်ထားချိန် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“မာလဲတောပျူရွာကကား ၂ စီး ဘုန်းကြီးကျောင်းအနီးမှာ ရပ်ထားတယ် သတင်းရလို့ သွားရောက်မီးရှို့ခဲ့တာပါ။ ကားပေါ်မှာဘယ်က ခိုးလားမှန်းမသိတဲ့ ဆိုင်ကယ်တွေရေခဲသေတ္တာတွေ ပန်ကာတွေပါတယ်။ အကုန်ရှင်းလင်းခဲ့ပါတယ်။ ဘာတခုမှမယူခဲ့ဘူး ပျူတွေ စစ်သားတွေ အသုံးပြုနေတဲ့ကားမို့ ဖျက်ဆီးခဲ့တာပါ။ “လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

မီးရှို့နေချိန် မာလဲတောရွာထဲက စစ်ကောင်စီက လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ခြောက်လှန့်ပစ်ခတ်နေလို့ ရွာအတွင်းကို ဒရုန်းနဲ့ဗုံးသီး ၂ လုံးချခဲ့ရပြီး စစ်အုပ်စုဘက်က မီးရှို့တဲ့နေရာကို လာရောက်နှောက်ယှက် နိုင်တာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။

စစ်အုပ်စုက ပြီးခဲ့တဲ့နှစ်ကတည်းက မာလဲတောရွာမှာ တပ်စွဲထားတာဖြစ်ပြီး ကားမီးရှို့ခံရပြီးချိန်မှာတော့ အင်အားတိုးထားတယ်လို့ သတင်းရပြီး စစ်သားနဲ့ ပျူစောထီး အင်အားဘယ်လောက် တိုးတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ဆင်မှုမှာ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix SGG အဖွဲ့၊ Fight for Fedreal အဖွဲ့တို့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံ PDF မဟာမိတ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၂၂၊ ၂၃ နဲ့ ၂၄ ရက်တွေကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဝန်စုကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ ကြပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။