ရေဘေးသင့်တွေကိုထောက်ပံ့ခဲ့တဲ့ ပြည်သူမှပြည်သူ (photo news)

0 1
0 1

စစ်ကိုင်း၊ ဇွန် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရေဘေးသင့်ကျေးရွာ ၃ ရွာကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်နဲ့ ပြည်သူမှပြည်သူသို့ပရဟိတအဖွဲ့က ဇွန်လ ၆ ရက် မနေ့ မနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ပါတယ်။

အဲဒီရေဘေးသင့် ကျေးရွာ ၃ ရွာက အိမ်ခြေ ၁၀၀၀ ကျော်ကို ဆန်၊ ငါးသေတ္တာနဲ့ အသားတုတွေကို ပရဟိတအဖွဲ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။ ထပ်မံပြီးတော့လည်း ကျန်ရှိနေသေးတဲ့ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားဖို့ ရှိတယ်လို့လည်း ပြည်သူမှပြည်သူသို့ပရဟိတအဖွဲ့ဝင်ဖြစ်တဲ့ ကိုစနေ ကပြောပါတယ်။

“ရေဘေးကိုလှူတာကတော့ ပထမဆုံးပါပဲ။ မီးဘေးလှူခဲ့တာတွေတော့ ရှိပါတယ်။ မနေ့က သွားရောက်လှူဒါန်းတဲ့ အချိန်မှာတော့ သွားရေးလာရေးက အဆင်ပြေပါတယ်။ နောက်ထပ်လည်း ကျေးရွာ ၁၄ ရွာကိုလှူဒါန်းဖို့ရှိပါတယ်။ သိန်း ၇၀ ကျော်လောက် ကုန်ကျပါတယ်။ လက်ရှိမှာ ရွာသားတွေကတော့ သူတို့ရဲ့နေအိမ်တွေကို ပြန်လည်သန့်ရှင်းပြီး နေနေကြပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်ကလည်း ပြည်သူမှပြည်သူသို့ပရဟိတအဖွဲ့က စစ်ရှောင်ပြည်သူတွေကို ထမင်း၊ ဟင်းများ ချက်ပြုတ်ကျွေးမွေးခဲ့သလို၊ ဧပြီလထဲမှာလည်း ဒေသခံပြည်သူတွေကို အခမဲ့ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။