အင်းတော် မြို့နယ်ထွေ/အုပ်ရုံးရဲ့ယာဥ်မောင်း ရွာကိုအလည်ပြန်ချိန် ရှင်းလင်းခံရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ယာဥ်မောင်းအမျိုးသားတဦး မေလ ၃၀ ရက်ည ၈ နာရီကျော်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူမှာ ဦးကိုကိုဦး ၃၁ နှစ်ဖြစ်ပြီး၊ ကမ်းနီကျေးရွာရှိ သူ့နေအိမ်ကို ပြန်ရောက်နေချိန်မှာ ပစ်ခတ်ခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူက အိမ်ထဲမှာရှိနေတဲ့အချိန် ပစ်ခတ်ခံလိုက်ရတာ။ နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်။ သူက အိမ်ကိုအလည်ရောက်နေတာ။ ဘယ်အဖွဲ့က ပစ်သတ်သွားလည်းဆိုတာကိုတော့ မသိဘူးဗျ။ သူ့အလောင်းကို စကစတွေက (မေ ၃၁)မနက်မှာ လာယူသွားကြတယ်”လို့ ဆိုပါတယ်။

ဦးကိုကိုဦးမှာ တာဝန်နဲ့ အင်းတော်မြို့ပေါ်မှာ တယောက်တည်းနေထိုင်နေသူဖြစ်ပြီး မိသားစုဆီ ခေတ္တပြန်လာချိန်မှာ ခုလိုပစ်ခတ်ခံရတာလည်း ဖြစ်ပါတယ်။

သူဟာ ထွေ/အုပ်ရုံးရဲ့ ယာဥ်မောင်းဖြစ်သလို စစ်ကောင်စီကားတွေ၊ ရဲကားတွေကိုလည်း မောင်းပေးနေတဲ့အပြင် စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုသတင်းတွေကို ပေးနေသူလို့လည်း နာမည်ကြီးနေသူဖြစ်တယ်လို့ အင်းတော် PDFနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကိုကိုဦးက ဒလန်အကြီးစားဗျ။ သူ့ကြောင့်နဲ့ PDF တွေ အဖမ်းခံရတာတွေလည်း ရှိတယ်ဗျ။ ဒီကောင်က ဒလန်လုပ်နေတာကြာပြီ။ ဒါပေမယ့် ဘယ်အဖွဲ့က ရှင်းသွားတယ်ဆိုတာကိုတော့ ကျနော်လည်းမသိဘူးဗျ” လို့ ဆိုပါတယ်။

ဦးကိုကိုဦးကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်ပစ်ခတ်သွားလဲ ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်ည ၅ နာရီကျော်ကလည်း စစ်ကောင်စီထံ သတင်းပေးလုပ်နေတဲ့ အင်းတော်မြို့နယ်၊ ပင်တင်ကျေးရွာက ဦးဝင်းဗိုလ် ၄၉ နှစ်မှာ နေအိမ်ထဲရှိနေချိန် ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။