တောင်ငူ လေကြောင်းရန်တပ်က ဗိုလ်မှူး ရဲနိုင် ကို PDF က အနီးကပ်ပစ်ခတ်ရှင်းလင်း

0 1
0 1

ပဲခူး၊ ဇွန် ၁၊ ၂၀၂၃။

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အမှတ် ၁၀၁၅ လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ ၁၀၁၅) မှ ဗိုလ်မှူး ၁ ဦးကို မေလ ၃၁ ရက် မနေ့ ညနေ ၅ နာရီခွဲက သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်ငူခရိုင်တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ တပ်ခွဲမှူး ဗိုလ်ကြက်သွန်က ပြောပါတယ်။

အသတ်ခံရသူမှာ စစ်ကောင်စီတပ် လကတ ၁၀၁၅ မှ ဗိုလ်မှူး ရဲနိုင် ဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း တောင်ငူလမ်းခွဲ ၁၅၄ မိုင် နဲ့ ၁၅၅ မိုင်အကြား အရပ်ဝတ်နဲ့ဆိုင်ကယ်စီးလာချိန် လည်ပင်းနဲ့နားထင်ကို အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သူက ဒုဗိုလ်မှူးကြီးလို့သိရတယ် နာမည်ကရဲနိုင်။ သူ့ကိုရှင်းလင်းဖို့ကျနော်တို့ဘက်က ၇ ရက်လောက်အချိန်ယူရတယ်။ အရပ်ဝတ်နဲ့ဆိုင်ကယ်နဲ့ လျှောက်သွားနေတာ။ ကျနော်တို့ထင်တာတော့ ထောက်လှမ်ရေးလုပ်နေတယ်လို့ ထင်တယ်။ အမြန်လှုပ်ရှားပြီး ချက်ချင်းပစ်၊ ချက်ချင်းပြန်ဆုတ်ခဲ့ရတယ်” လို့ တပ်ခွဲမှူး ဗိုလ်ကြက်သွန်က မြေလတ်အသံကို ပြောပါတယ်။

ဗိုလ်မှူး ရဲနိုင် ကို ပစ်ခတ်ရှင်းလင်းပြီးနောက် သူစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ဖုန်းကို သိမ်းခဲ့နိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ဗိုလ်မှူး ရဲနိုင် ဟာ စစ်တက္ကသိုလ် DSA အမှတ်စဉ် ၄၈ ဆင်း အရာရှိဖြစ်ပြီး ရန်ကုန်တိုင်း၊ မှော်ဘီအခြေစိုက် အမှတ် ၅ လေကြောင်းရန်ကာကွယ်​ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၅) ကနေ စစ်အာ ဏာမသိမ်းမီက တောင်ငူ လကတ ၁၀၁၅ တပ်ကို ပြောင်းရွှေ့သွားသူဖြစ်တယ်လို့ သူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူအသတ်ခံရတာ မှန်ပါတယ်။ သူက DSA ၄၈ ဆင်း ဗိုလ်မှူးပဲရှိပါသေးတယ်။ မှော်ဘီ လစခ တပ်မ က အာဏာမသိမ်းခင်ကမှ ပြောင်းသွားတာ။ အရက်အရမ်းသောက်တဲ့သူ” လို့ သူနဲ့နီးစပ်တဲ့ တပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

တောင်ငူခရိုင် ၃၅၀၁၊ တပ်ခွဲ ၆ ဗိုလ်ကြက်သွန်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး သန်းထွဋ် စီးလာတဲ့ကားကို အမြန်လမ်း ၁၆၁ မိုင် စောင့်ကြိုရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။