myaelatt athan

Sharing Information to the Local

ငလျင်ကြောင့် စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်းပြိုကျလို့ ကိုရင် ၁ ပါးနဲ့ စစ်ရှောင် ၅ ဦးသေဆုံး

တောင်ငူ၊ မတ် ၂၈၊ ၂၀၂၅။

ငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ဘေးရှောင်တွေနေထိုင်တဲ့ဘုန်းကြီးကျောင်း ပြိုကျခဲ့ပြီး ကိုရင် ၁ ပါးနဲ့ စစ်ဘေးရှောင် ၅ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။

မတ် ၂၈ ရက် ဒီနေ့လယ် ၁၂ နာရီ မိနစ် ၅၀ ခန့်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာမှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်တခုပြိုကျပြီး ပိမိခဲ့တာလို့ ဆိုပါတယ်။

“ကျောင်းပြိုကျတော့ ကျောင်းအတွင်းရှိနေသူတွေပိမိပြီး ထိခိုက်သေဆုံးကြတာ။ လောလောဆယ် DB (deadbody) ၅ လောင်းရထားတယ်။”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။

ကျောင်းပြိုကျလို့ သေဆုံးသူ ၆ ဦးထဲမှာ ကလေးငယ်အများစုပါဝင်ပြီး သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ဘုန်းကြီးကျောင်းမှာ ၂၀၂၅ ဇန်နဝါရီလကတည်းက ထန်းတပင်မြို့နယ်အတွင်းဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေစစ်ဘေးရှောင်ရင်း နေထိုင်နေကြတာဖြစ်ပြီး လူဦးရေ ၅၀ ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် တောင်ငူမြို့နယ်မှာ ခပေါင်းတံတားအက်ကွဲမှုဖြစ်ပေါ်လို့ သွားလာမှုယာယီပိတ်ထားသလို ရှေးဟောင်းဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေ၊ လူနေအဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။

ရစ်ချာစကေး ၇.၇ နဲ့လှုပ်ခတ်ခဲ့တဲ့ အဆိုပါငလျင်ကြောင့် တောင်ငူမြို့နယ်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်အပါမြို့နယ်အများအပြားမှာ အဆောက်အဦပြိုကျပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။