PDF ဆီပို့မယ့် လက်နက်နဲ့ ကျည် ၁၂၀၀ ကျော် ပခုက္ကူမှာ ဖမ်းဆီးခံရ

0 1
0 1

မကွေး၊ မေ ၂၈၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ PDF ဆီပို့မယ့် လက်နက်နဲ့ ကျည်ဆံ ၁၂၈၀ ကို မေလ ၂၇ ရက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးလိုက်တယ်လို့ Eagle Brigade မှတာဝန်ရှိသူက ပြောပါတယ်။

လက်နက်နဲ့ကျည်တွေ သယ်ဆောင်လာတဲ့ကားတစီးနဲ့ သုံးဘီးယာဥ်တစီးတို့မှာ ပခုက္ကူမြို့ကနေ မြိုင်မြို့နယ်ကို ထွက်လာချိန် ပခုက္ကူ – မြိုင်ကားလမ်းမပေါ်ရှိ စစ်ကောင်စီရဲ့ အင်ပင်စစ်ဆေးရေးဂိတ်မှာ နေ့လယ် ၃ နာရီလောက်မှာတကြိမ်နဲ့ ၄ နာရီလောက်မှာတကြိမ် တရက်တည်း ၂ ကြိမ် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“စကစတွေဖမ်းမိသွားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေက ကျနော်တို့အဖွဲ့ရဲ့ ပစ္စည်းတွေပါ။ တန်ဖိုးအားဖြင့်ကတော့ သိန်း ၅ ရာကျော်ရှိပါတယ်။ ဒါက တော်လှန်ရေးအတွက် ဆုံးရှုံးနစ်နာမှုတခု ဖြစ်တယ်။”လို့ ဆိုပါတယ်။

ပထမအကြိမ်ဖမ်းဆီးခံလိုက်ရတဲ့ Eagle Brigade အဖွဲ့ရဲ့ လက်နက်၊ ပစ္စည်းတွေကတော့ M4 AR15 သေနတ်တလက်၊ ကျည်အိမ် ၁၅ ခု၊ ကျည် ၂၃ တောင့်၊ ၄၀ မမဗုံးသီး ၈ လုံး၊ Eagle Brigade တံဆိပ်ပါရှပ်အင်္ကျီ ၂၁ ထည်၊ Eagle Brigade တံဆိပ်ပါ လည်စီး ၁၀ ထည်တို့ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ဖမ်းဆီးခံရတာကတော့ ၅.၅၆ ကျည် ၁၂၈၀ တောင့်၊ Eagle Brigade တံဆိပ်ပါတဲ့ ပြောက်ကျားဝတ်စုံသုံးစုံ၊ ရှပ်အင်္ကျီ ၂၉ ထည်၊ ဦးထုပ်သုံးလုံး၊ လက်မောင်းတံဆိပ် ၂၂ ခု၊ လည်စီး ၂၆ ထည်၊ ရင်ဘတ်တံဆိပ် ၂ ခု၊ သိန်းငှက်ပုံရင်ထိုး ၂ ခုတို့ ဖြစ်ပါတယ်။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာတော့ မြဝတီကနေပို့လိုက်တဲ့ အဆိုပါလက်နက်တွေကို ပခုက္ကူရောက်မှ ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲ့ဒီလက်နက်၊ပစ္စည်းတွေ တင်ဆောင်လာတဲ့ ပြည့်မဏ္ဍိုင် ကုန်စည်ပို့ဆောင်ရေးယာဥ်လိုင်းမှ ကားဒရိုင်ဘာ ကိုကိုထွေးနဲ့ စီးနှင်းလိုက်ပါလာတဲ့ ဒေသခံအမျိုးသမီး၂ ဦး၊ အိုးဝေသုံးဘီးယာဥ် မောင်းနှင်သူ ကိုဝေလင်းနိုင်နဲ့ စီးနင်းလိုက်ပါလာသူ ယမင်းလှိုင်တို့ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။