ရွာမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူများဟုဆို

0 1
0 1

မန္တလေး၊ မေ ၂၆၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၂၅ ရက် မနေ့က ညနေ ၅ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူများရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်း ၃ စီးဟာ လူအင်အားအပြည့်နဲ့ နဘူးအိုင်ကျေးရွာဘက်ကနေ မြင်းခြံမြို့ကိုထွက်ခွာလာချိန် လမ်းပိုင်းတနေရာမှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံမြို့နယ်) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မိုင်းဆွဲလိုက်တော့အလယ်ကားကို ထိသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း များနိုင်တယ်။ အတိအကျတော့ပြောလို့မရသေးပါဘူး။ မိုင်းဆွဲပြီတော့ သူတို့ဘက်ကလည်းလက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အခုဆို မန်ကျည်းစုရွာနဲ့ ထိန်ပန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်” လို့ သူက ဆိုပါတယ်။

အဲဒီမိုင်းဆွဲမှုမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီတဲ့နောက်မှာ စစ်ကောင်စီယာဉ်တန်းဟာ မြင်းခြံဘက်ကို ပြန်လည်မောင်းနှင်းသွားခဲ့ပြီး မေလ ၂၆ ရက်နေ့ ဒီနေ့မနက်ထိလည်း မိုင်းဆွဲခံရတဲ့လမ်းပိုင်းနေရာကို တဖက်နဲ့ တဖက်စောင့်ကြည့်နေကြတယ်လို့လည်း ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့နဲ့အတူ မြင်းခြံ(ပကဖ)တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဟာ မေလ ၂၄ ရက်နေ့က မန်ကျည်းစုကျေးရွာက နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် ရွာသားတွေရဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကိုလည်း ကားပေါ်တင်ပြီး ယူဆောင်သွားခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။