ကန့်ဘလူက ရွာ ၂ ရွာကို စစ်တပ်က မီးရှို့လို့ ဒေသခံ ၃ ထောင်ကျော်ထွက်ပြေးနေရ

0 1
0 1

ကန့်ဘလူ၊ မေ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်က သရက်ခေါင်းရွာနဲ့ ဖလံချိုင်ရွာကို စစ်ကောင်စီတပ်သားတွေက မေလ ၁၁ ရက် ဒီနေ့တရက်တည်းမှာတင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖောင်းပြင်မြို့အခြေစိုက် ခမရ ၃၆၈ မှ စစ်သားအင်အား ၁၅၀ ဝန်းကျင်က ဒီမနက် ၆ နာရီလောက်မှာ သရက်ခေါင်းရွာကိုဝင်ရောက်လာပြီး နေအိမ် ၅ လုံးနဲ့ စာသင်ဆောင် ၂ ဆောင်ကို မီးရှို့ခဲ့ပါတယ်။

ပုံစာ – ကန့်ဘလူမြို့နယ်အတွင်းက စစ်ရှောင်အချို့။

“သရက်ခေါင်းရွာက အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ရှိပါပြီ။ ဧပြီ ၂၉ ရက်နေ့မှာ အဲဒီရွာက စာသင်ဆောင် ၂ ဆောင်မီးရှို့ခံရတယ်။ ရွာကို ၂ ကြိမ်လုံး လာရောက်မီးရှို့တဲ့အဖွဲ့က ခမရ ၃၆၈ တပ်က စခတွေပါပဲ။ အခုအချိန်ထိ ရွာသားတချို့ကသာ ရွာထဲမှာပြန်ဝင်ကြတယ်။ အများစုကတော့ တောတောင်တွေထဲမှာပဲ ပုန်းခိုနေတုန်း”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ သရက်ခေါင်ရွာကို မီးရှို့ပြီး မနက် ၈ နာရီလောက်မှာတော့ အဲ့ဒီရွာနဲ့ ၁ မိုင်ကျော်ဝေးတဲ့ ဖလံချိုင်ရွာကို ဆက်သွားပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဖလံချိုင်ရွာထဲမှာ စစ်ကောင်စီတပ်တွေ ရှိနေဆဲဖြစ်တဲ့အတွက် မီးလောင်သွားတဲ့ အိမ်ခြေပမာဏကိုတော့ မသိရသေးပါဘူး။

သရက်ခေါင်းရွာမှာ အိမ်ခြေ ၅၀၀နဲ့ ဖလံချိုင်ရွာမှာ အိမ်ခြေ ၈၀ လောက်လောက်ရှိပြီး လက်ရှိမှာ ဒေသခံ ၃၅၀၀ လောက် ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရကြရပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ မေလ ၁၀ ရက် မနေ့ကလည်း ကန့်ဘလူမြို့နယ်ရှိ သိုးဘိုးရွာက နေအိမ်တွေကို မီရှို့ခဲ့ပါသေးတယ်။

အခုနှစ် ဧပြီလကုန်ပိုင်းကနေ လက်ရှိမေလ ၁၁ ရက်အထိ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ဇီးတောတိုက်နယ်နဲ့ ကာဘိုးတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် ကျေးရွာ ၂၀ ဆယ်နီးပါးက ဒေသခံပြည်သူ ၂ သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ရေးသားထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။