ခိုင်ကမ်းမြို့ ရဲစခန်းနဲ့ တမိုင်ပတ်လည်က ပြည်သူတွေကို နေရာပြောင်းရွှေ့ခိုင်း

0 1
0 1

စစ်ကိုင်း၊ မေ ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်အစပ်မှာရှိတဲ့ ခိုင်ကမ်းမြို့ရဲစခန်းနဲ့ ကလေးတက္ကသိုလ်ရဲ့ တမိုင်ပတ်လည်အတွင်းက ပြည်သူတွေကို ဘေးလွတ်ရာတွေမှာ ပြောင်းရွှေ့နေထိုင်ပေးဖို့ CDF CDM SIYIN က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မေလ ၁၀ ရက် ဒီကနေ့ မနက် ၁၀ နာရီနောက်ဆုံးထားပြီး ရွှေ့ပြောင်းကြဖို့ ပြောဆိုထားပြီး စစ်ကောင်စီဘက်ကလည်း ပြောင်းရွှေ့တဲ့နေအိမ်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

“စစ်**တွေဘက်က ရှောင်တဲ့အိမ်၊ ထွက်ပြေးတဲ့အိမ်တွေကို မီးရှို့မယ်လို့ ပြန်ခြိမ်းခြောက်တယ်၊ အများစုကတော့ ရှောင်နေကြပြီ။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ထုတ်ပြန်ချက်ထွက်ပြီးနောက် ရဲစခန်းနဲ့ တက္ကသိုလ်အနီးနားက ပြည်သူထောင်ဂဏန်းကျော်ဟာ ကလေးမြို့၊ တာဟန်းရပ်ကွက်ဘက်ကို ပြောင်းရွေ့နေကြတယ်လို့ သိရပါတယ်။

CDF CDM SIYIN အဖွဲ့ကတော့ စစ်ရေးအခြေနေဖြစ်တဲ့အတွက် အသေးစိတ်အကြောင်းရာကတော့ ပြောကြားလို့အဆင်မပြေတဲ့အတွက် ထုတ်ပြန်ချက်ထဲကအတိုင်း ပြောင်းရွှေ့ပေးကြဖို့ ပြောပါတယ်။

မပြောင်းရွှေ့သေးတဲ့ ပြည်သူမျာ းထိခိုက်မှုတစုံတရာရှိခဲ့ပါကလည်း တာဝန်ယူမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကလေးခရိုင်ကာကွယ်ရေးအဖွဲ့ကလည်း ဘိလပ်မြေနဲ့ သွပ်ဆူးကြိုးလိပ်တွေဟာ စစ်တပ်စခန်းတွေမှာ အသုံးပြုဖို့ သယ်ဆောင်တာတွေရှိနေတဲ့အတွက် အထူးကန့်သတ်ပစ္စည်းအဖြစ် သတ်မှတ်လိုက်ပြီး ကလေးနဲ့ ဂန့်ဂေါလမ်းပိုင်း ပြေးဆွဲနေတဲ့ ကားတွေကို ဒီကနေ့ကစပြီး သယ်ဆောင်ခွင့်မပြုတော့ဘူးလို့လည်း ထုတ်ပြန်ထားပါသေးတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။