စစ်ကောာင်စီက စစ်ကြောင်းထိုးနေလို့ မုံရွာ-မန္တလေးကားလမ်းကို ရက်အကန့်အသတ်မရှိပိတ်ကြောင်း PDF စာထုတ်

0 2
0 2

စစ်ကိုင်း၊ မေ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းမကြီးအပေါ် ဖြတ်သန်းသွာလာမှုကို မေလ ၈ ရက်ဒီမနက် ၁၀ နာရီကျော်ကစလို့ ရက် အကန့်အသတ်မရှိ ပိတ်ပင်သွားမယ်လို့ People’s knight Defense Force Myinmuမှ တာဝန်ခံ ဗိုလ်အေးချမ်းက ပြောပါတယ်။

အဆိုပါလမ်းမပေါ်မှာ စစ်ကောင်စီစစ်ကြောင်း တွေရှိနေတာကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် အခုလိုကန့်သတ်ထားရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“မနေ့ကဆိုရင် လမ်းမဘေးနားက လက်တုတ်တောရွာ မီးရှို့ခံရတယ်။ အကြောင်းမဲ့ သက်သက်ရှို့သွားတာ။ ပြီးတော့ အဲ့ကောင်တွေက ဒီနေ့မှာ ဂွေးပင်တောရွာထဲမှာ တပ်စွဲထားတယ်။ အင်အားတော်တော် များတယ်။ တိုက်ပွဲက အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် လမ်းသွားဒေသခံတွေအတွက် အန္တရာယ်မဖြစ်အောင် လမ်းကိုပိတ်ရတာပါ”လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီကန့်သတ်မှုမှာ နောက်ထပ်ကြေညာချက် မထုတ်ပြန်တဲ့အထိ အကျုံးဝင်မှာဖြစ်တာကြောင့် ဒီအတောအတွင်းလိုက်နာခြင်းမရှိဘဲ သွားလာနေပါက ထိခိုက်မှုတစုံတရာဖြစ်ပေါ်ခဲ့ရင် မိမိတို့အဖွဲ့အနေနဲ့ တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ကြောင်း ဗိုလ်အေးချမ်းက ဆိုပါတယ်။

အရေးပေါ်အခြေအနေနဲ့သွားလာရမည်ဆိုပါကလည်း နေ့ခင်းဆိုရင်ကားတွေကို တံခါးတွေဖွင့်သွားကြဖို့၊ ညအချိန်ဆိုရင်လည်း ကားအတွင်းမီးဖွင့်မောင်းပေးကြဖို့ကို ပြည်သူတွေက လိုက်နာပြီး တော်လှန်ရေးကို ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာ အခုလိုအရေးပေါ်ထုတ်ပြန်ချက်တခုကို ပြည်သူတွေအနေနဲ့ လိုက်နာမှုအားနည်းကြတာကြောင့် တိုက်ပွဲဖော်ဆောင်တဲ့အချိန်မှာ ဒေသခံ ပြည်သူတွေကို ရှောင်ရှားနေရလို့ PDFရဲဘော်တွေ ထိခိုက်မှုတွေရှိခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။