ထိုင်းမှာ ကြိတ်စက်ထဲပြုတ်ကျတဲ့ မြန်မာအလုပ်သမားလူငယ်တဦး ခန္ဓာကိုယ်ကြေမွသေဆုံး

0 123
0 123

မြေလတ်အသံ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၅။

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ စက်ရုံတခုမှာ မြန်မာအလုပ်သမား ယောက်ျားလေးတဦး ကြိတ်စက်ထဲပြုတ်ကျခဲ့ပြီး ကြေမွသေဆုံးသွားတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၀ ရက် ဒီနေ့လယ် ဒေသစံတော်ချိန် ၁၂ နာရီခန့်မှာ ချွန်ပူရီခရိုင်၊ ဘန့်ဘိုင်မြို့နယ်၊ ခလောင်းခရီးဝ်ရပ်ကွက်ရှိ စက်ရုံတခုမှာ ကြိတ်စက်အတွင်းလူပြုတ်ကျသေဆုံးခဲ့ကြောင်း အကြောင်းကြားခဲ့လို့ ဒေသခံရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစက်ရုံမှာ ကြိတ်စက်အကြီးစားတခုကို တွေ့ရှိခဲ့ရပြီး ကြိတ်စက်အတွင်း ကြေမွသေဆုံးနေတဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာအလုပ်သမား ကိုဇော်ကို ရဲ့အစိတ်အပိုင်းတွေကို ကယ်ဆယ်ရေးသမားတွေက ဖယ်ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူ ကိုဇော်ကို ဟာ နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ရတာကြောင့် အိပ်ငိုက်ပြီး ကြိတ်စက်အတွင်းပြုတ်ကျသေဆုံးတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ကနဦး ယူဆထားကြကာ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်ဖို့အတွက် လက်ရှိမှာ CCTV မှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုတာအပါအဝင် လုပ်ဖော်ကိုင်ဖက်တွေကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Ref ; Khaosod , Matichon Online

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။