မြစ်ကျိုးရဲစခန်းက နယ်ထိန်း ပစ်ခတ်ခံရ

0 43
0 43

ဝေါ၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ မြစ်ကျိုးကျေးရွာ၊ စျေးအနီးမှာ နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး သေဆုံးနိုင်တယ်လို့ ဝေါမြို့နယ်ပကဖဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ မြစ်ကျိူးရဲစခန်းမှ ဒုတပ်ကြပ် နယ်ထိန်းရဲ ဇင်မင်းသူဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် ဒီမနက် ၇ နာရီခန့်က သူ့နေအိမ်အနီး စျေးနားမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူ့အိမ်က စျေးနားမှာ။ စခန်းသွားဖို့ ယူနီဖောင်းဝတ်ပြီး ဆိုင်ကယ်နဲ့ထွက်လာချိန်မှာ ဦးခေါင်း ၁ ချက်၊ ဝမ်းဗိုက် ၃ ချက်ပစ်ခဲ့တယ်။ မသေရင်တောင်ဒဏ်ရာပြင်းထန်ဘဲ သေဖို့များတယ်”လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ပြီးနောက်မှာတော့ နယ်ထိန်းဇင်မင်းသူရဲ့ ဖုန်း ၁ လုံးကို သိမ်းဆည်းနိုင်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေကတော့ လုံခြုံတဲ့နေရာကိုပြန်ရောက်နေပြီလို့ ဆိုပါတယ်။

နယ်ထိန်းပစ်ခံရပြီးနောက် စစ်ကော်မရှင်နဲ့ရဲတွေလာရောက်စစ်ဆေးခဲ့ပြီး လူနာတင်ယာဥ်နဲ့မြစ်ကျိုးဆေးရုံကိုသယ်ဆောင်သွားကာ စျေးအနီး၊ ရွာဝင်အထွက်လမ်းတွေနဲ့လှေဆိပ်တွေမကျန် စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နယ်ထိန် ဇင်မင်းသူဟာ ပြည်သူကို မထင်ရင်မထင်သလိုရိုက်နှက်စစ်ဆေး၊ ဒုက္ခပေးငွေညစ်၊ ဆိုင်ကယ်ဖမ်း၊ ရွာမှာလောင်းကစားဖွင့်ပြီး ရွာသားတွေ အကျင့်စာရိတ္တပျက်အောင်လုပ်ဆောင်နေကာ စစ် ကော်မရှင်နဲ့ပူးပေါင်းကာ တက်ကြွလှုပ်ရှားသူတွေနဲ့ PDF တွေကိုလိုက်လံစုံစမ်းနေတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မတ်လ ၁၈ ရက်ကလည်း ဝေါမြို့နယ်၊ လက်ပန်ရွာမှာ စစ်ကော်မရှင်တပ်စွဲထားတဲ့ ပျူစောထီးခေါင်းဆောင် အောင်ကြီးနေအိမ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။