အမြန်လမ်းမှာ ယာဥ်တိုက်မှုထပ်ဖြစ်၊ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

0 1
0 1

မိတ္ထီလာ၊ ဧပြီ ၁၂၊ ၂၀၂၃။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားတစီးတိမ်းမှောက်ခဲ့တာကြောင့် ၂ ဦးသေပြီး၊ ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ ရက်ဒီမနက် ၇ နာရီခန့်မှာ နေပြည်တော်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ Honda Airwave ကားဟာ မိုင်တိုင်အမှတ် ၃၀၅/၁ အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုဝင်တိုက်ပြီး တိမ်းမှောက်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကားက ရန်ကုန်က။ နေပြည်တော်ကနေ မန္တလေးသွားတာ။ ကားပေါ်မှာ မိသားစုဝင် ၃ ဦးပါလာတာ။အသက်ကြီးပိုင်းအမျိုးသမီး ၁ ဦးပါတယ်။ ယာဥ်မောင်းအိပ်ငိုက်တာ မဟုတ်ဘူး။ အရှိန်လွန်ပြီးတိုက်တာ။ ယာဥ်မောင်းကတော့ နေရာမှာဘဲသေသွားတာ။ ဆေးရုံရောက်မှ နောက်အမျိုးသမီး ၁ ယောက်ထပ်ဆုံးတယ်”လို့ ပြောပါတယ်။

ဒီတိမ်းမှောက်မှုကြောင့် ယာဥ်မောင်း ကိုဝင်းထိုက် ၄၃ နှစ်ဟာ နေရာမှာသေဆုံးခဲ့ပြီး၊ မဟောက်လွန်းကျိန် ၃၅ နှစ်က ဆေးရုံရောက်မှ သေဆုံးခဲ့ကာ၊ ဒေါ်ကျိန်ခန် ၆၉ နှစ်ကတော့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

သေဆုံးဒဏ်ရာရသူတွေကို ပြင်စည်အမြန်လမ်း မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေကကူညီပြီး မိတ္တီလာဆေးရုံကို ပို့ဆောင် ပေးထားရတယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ ၁၁ ရက်မနေ့ကမနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ wish အိမ်စီးကားတစီးလည်း အမြန်လမ်းမိုင်တိုင်အမှတ် ၈၉/၀ နဲ့ ၈၉/၁ ကြားအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့ရာက ကားပေါ်ပါ လင်မယားနှစ်ဦးမှ အမျိုးသမီးဖြစ်သူ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဧပြီလ ၁၀ ရက်မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာလည်း မန္တလေးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ Honda Civic အမျိုးအစားယာဥ်ဟာ မြင်းခြံမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၂၅/၆ နဲ့ ၃၂၅/၇ ကြားမှာ လမ်းလယ်ကျွန်းကို ဝင်တိုက်မိလို့ ကားမီးလောင်ပြီး ကားပေါ်ပါ အမျိုးသား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။