10 July 2026 5:11 PM

PDF နဲ့ဆက်စပ်တယ်ဆိုပြီး နေအိမ်နဲ့အဆာက်အဦးတချို့ကို စစ်ကောင်စီချိတ်ပိတ်

0 1
0 1

ပခုက္ကူ၊ ဧပြီ ၇၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်နဲ့ စက်မှုဇုန်ရပ်ကွက်က နေအိမ်၊အဆာက်အဦးတချို့ကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဧပြီလ ၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီဘက်က ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့၊ စက်မှုဇုံရပ်ကွက်မှာရှိတဲ့ ကိုသန့်မွန်ထက်အောင် ပိုင်ဆိုင်တဲ့ ဂိုထောင်အဆောက်အဦးနဲ့ အမှတ် ၃ ရပ်ကွက်နေ ကိုရာဇာဖြိုး(ခ)အာကြီးရဲ့နေအိမ်တွေကို ချိတ်ပိတ်သွားခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“၅ ရက်နေ့ ညနေပိုင်းမှာ စကစ အဖွဲ့တွေ လာပိတ်သွားတာ။ ကိုအာကြီးကျတော့ အိမ်မှာဗုံးလုပ်ရင်းကွဲလို့ အိမ်ကိုချိတ်ပိတ်သွားတာ။ ကိုသန့်မွန်ထက်အောင် ကြတော့ လူက အမှတ် ၈ မှာ နေတာ။ အပိတ်ခံရတာက သူ့ဂိုထောင် ဟိုတလောက PDF တွေဖမ်းခံရချိန် သူပိုင် အဆောက်အဦးမှာ လက်ခံနေစရာပေးတယ်ဆိုပြီး ချိတ်ပိတ်သွားတာ” လို့ ပြောပါတယ်။

ပုံ – စစ်ကောင်စီတယ်လီဂရမ်

ဧပြီလ ၃ ရက်နေ့ ညပိုင်းက ရာဇာဖြိုး (ခ)အာကြီးနဲ့ သားဖြစ်သူ ကျော်ဇင်ထွဋ်တို့ဟာ အမှတ် ၃ ရပ်ကွက်၊ အောင်သပြေကွက်သစ် ၁ လမ်းက နေအိမ်မှာ ဗုံးလုပ်ရင်း ပေါက်ကွဲမှုဖြစ်ပွားရာက နေရာမှာပဲ သေဆုံးသွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၎င်းရဲ့ဇနီးနဲ့သမီးဖြစ်သူကိုပါ ဖမ်းဆီးစစ်ဆေးကာ နေအိမ်ကို ချိတ်ပိတ်ခဲ့တာဖြစ်ပြီး ဇနီးနဲ့သမီးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မတ်လ ပထမအပတ်က ပခုက္ကူမြို့အတွင်း PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရချိန် ကိုသန့်မွန်ထက်အောင်က PDFတွေကို ကူညီပေးနေသူလို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက် သူပိုင် ဂိုထောင်အဆောက်အဦးပါ ချိတ်ပိတ်ခံခဲ့ရတာပါ။

ပခုက္ကူမြို့မှာ NLD ပါတီလွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးသက်ကြူ၊ ဦးပိုက်ကို၊ ဒေါ်ဇင်နီနီဝင်းတို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံထားရမှုတွေ အပါအဝင် PDF တွေနဲ့ ဆက်စပ်တယ်ဆိုကာ စစ်ကောင်စီက ချိတ်ပိတ်ထားတဲ့နေအိမ် ၁၅ လုံးထက်မနည်း ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။