12 July 2026 6:09 AM

စစ်ကောင်စီက သင်္ကြန်အတွက် လောင်းကစားသမားတွေကို မဲရောင်းပြီးရံပုံငွေရှာ

0 2
0 2

ပဲခူး၊ ဧပြီ ၂၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှာကျင်းပမယ့် သင်္ကြန်ရေကစားမဏ္ဍပ်ကုန်ကျငွေအတွက် စစ်ကောင်စီအဖွဲ့ဝင်တွေက လောင်းကစားသမားတွေကို မဲလက်မှတ်ရောင်းကာ ရံပုံငွေရှာဖွေနေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

မဲလက်မှတ်တွေကို ထွေအုပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက အဓိကဦးဆောင်ကာ ရောင်းချနေတာလို့ ဆိုပါတယ်။

“မဲလက်မှတ်တစောင်ကို ငါးထောင်နဲ့ရောင်းတယ်၊ အဓိကက ၂ လုံး၊ ၃ လုံး၊ ဘောလုံးဒိုင်၊ နယ်လှည့်လောင်း ကစားဝိုင်းဒိုင်တွေနဲ့ ဌာနဆိုင်ရာတွေကိုရောင်းတယ်၊ မဝယ်ချင်လည်းဝယ်ရတယ်၊ အဓမ္မရောင်းနေကြတာ”လို့ မြို့ခံတဦးက ပြောပါတယ်။

မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနကဦးဆောင်ကာ ကုန်ကျငွေကို မြို့နယ်အတွင်း တရားမဝင်ကျွန်းသစ်ခိုးထုတ်သူတွေကထောက်ပံ့ကြပြီး၊ အသုံးပြုမယ့်ရေကို မီးသတ်ဦးစီးဌာနက တာဝန်ယူရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ မဲလက်မှတ်တွေကို အဓမ္မရောင်းချနေပြီး ဆိုင်ကယ်၊ အဲကိုလာ၊ ပန်ကာတွေကိုလည်း မဲဖောက်ပေးမယ်လို့သိရကြောင်း နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

“မဲလက်မှတ်ရောင်းတာ အဓိက က သင်္ကြန်ရက်အတွက် အရက်ဖိုးရှာတာလည်း ပါတယ်။ မဏ္ဍပ်ပေါ်တက်တဲ့သူတွေ သောက်ရမယ်လေ၊ ဆိုင်ကယ်မဲဖောက်တာကလည်း လူစည်အောင်လုပ်တဲ့ သဘောပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သင်္ကြန်အကြိုနေ့မတိုင်မီကလည်း ပေါင်းတည် မြို့ပေါ်ရပ်ကွက်တခုနဲ့ မဏ္ဍပ်အနီးမှာ ဗုံးပေါက်ကွဲခဲ့သလို မဏ္ဍပ်ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ လုံခြုံရေးစစ်သားကိုလည်း လူငယ်အချို့က အရက်ပုလင်းခွံနဲ့ပစ်ပေါက်ခဲ့သလို ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)ကလည်း မဏ္ဍပ်အနီး ဘုရားကြီးလမ်းနဲ့ ရန်ကုန်လမ်းထောင့်အလွန်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရေကစားလာတဲ့အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။