27 July 2026 2:32 PM

ကဝမြို့နယ်ပကဖ ဒုတပ်စိတ်မှူး ၂ ဦးအပါ ၃ ဦး တပ်ရင်းကထွက်ပြေး

0 20
0 20

ကဝ၊ စက်တင်ဘာ ၂၂၊ ၂၀၂၅။

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်စိတ်မှူး ၂ ဦးအပါအဝင် ၃ ဦး တပ်ရင်းကနေ ထွက်ပြေးသွားတယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ အဲ့အဖွဲ့ကသတင်းထုတ်ပြန်လာပါတယ်။

ထွက်ပြေးသူတွေဟာ ဒုတပ်စိတ်မှူး သန့်ဇင်ဦးနဲ့ ချစ်မင်းကို၊ တပ်ဖွဲ့ဝင် ပြည်ဖြိုးအောင်တို့ ၃ ဦးဖြစ်ပြီး သူတို့ ၃ ဦးဟာ အခုနှစ် ဧပြီ ၁ ရက်၊ ဇွန် ၂၃ ရက်နဲ့ ဩဂုတ် ၁၀ ရက်တို့မှာ တဦးချင်းထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“ပုဂ္ဂလိက အကြောင်းပြချက်အမျိုးမျိုးပါပဲ၊ မိန်းမနဲ့ သွားတွေ့ဖို့၊ ရည်းစားနဲ့ လက်ထပ်ဖို့၊ အလုပ်လုပ်ဖို့ ဆိုပြီး ထွက်သွားကြတာ။ တပ်တာဝန်ရှိသူတွေကိုအကြောင်းကြားပြီး ထွက်သွားတာမျိုးမဟုတ်ဘူး။ မြို့နယ်ပကဖတွေက ရဲဘော်တွေကို ထုတ်ပယ်တာ၊”လို့ ကဝမြို့နယ်ပကဖ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ထွက်ပြေးသွားသူ ၃ ဦးဟာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ တပ်ဖွဲ့ကိုရောက်ရှိလာတာဖြစ်ပြီး တပ်ဖွဲ့မှာ နေထိုင်ချိန် ပြစ်မှုကျူးလွန်တာ၊ စည်းကမ်းချိုးဖောက်တာမျိုးတွေလည်းမရှိဘဲ အခုလို ထွက်ပြေးတာဟာလည်း ၎င်းတို့ရဲ့ ပုဂ္ဂလိက လိုအင်ဆန္ဒတွေကြောင့် ဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

တပ်ကနေထွက်ပြေးချိန်မှာလည်း တပ်ဖွဲ့ပိုင်ငွေကြေး၊ လက်နက်တွေ ယူဆောင်သွားတာ၊ စစ်ကော်မရှင်ဘက်ကို ဘက်ပြောင်းခိုလှုံသွားတာမျိုးတွေမရှိဘူးလို့ သိရကြောင်း သူကဆိုပါတယ်။

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ စတင်တည်ထောင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ယနေ့အချိန်ထိ တပ်ဖွဲ့ကနေ ထွက်ပြေးသွားသူဟာ အထက်ပါ ၃ ဦးသာရှိသေးတယ်လို့ သိရပါတယ်။

စာတည်း- လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။