12 July 2026 7:06 AM

ပျူစောထီးတွေပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အသက် ၄ နှစ်အရွယ်ကလေးမကို နေ့ချင်းသဂြိုဟ်

0 2
0 2

မကွေး၊ မတ် ၃၀၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ထဲက ကျေးရွာတွေမှာ ပေါင်ပုတ်လက်မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက နှမ်းဆီကန်ကျေးရွာထဲကို ပျူစောထီးတပ်ဖွဲ့တွေကဝင်ရောက်လာပြီး လက်နက်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ အသက် (၄)နှစ်အရွယ် ကလေးမငယ်တဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃၀ ရက် ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ မြိုင်နယ်တောင်ပိုင်း၊ သရက်ကန်ကျေးရွာက ပျူစောထီးတွေဟာ အင်အား ၃၀ နီးပါး နဲ့ နှမ်းဆီးကန်ကျေးရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပျူစောထီးတပ်ဖွဲ့တွေ ဝင်ရောက်လာလို့ ဒေသခံပြည်သူတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေချိန် ပျူစောထီးတွေက လက်နက်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ ကလေးမလေးတဦး လက်နက်ထိမှန်ပြီး သေဆုံးသွားတာပါ။

“ပျူစောထီးတွေ နေတဲ့နေရာနဲ့ နှမ်းဆီကန်ရွာက ၄ မိုင်လောက်ပဲ ဝေးတယ်။ ပျူတွေက ခဏခဏ နှမ်းဆီကန်ရွာထဲကို ဝင်တယ်။ သူတို့လာတော့ ရွာသားတွေ ပြေးတယ်။ ပြေးလို့ဆိုပြီးလိုက်ပစ်တော့ ကလေးတဦးကို ထိသွားတယ်” လို့ ဆိုပါတယ်။

ပျူစောထီးတွေလက်ချက်ကြောင့် သေဆုံးသွားတဲ့ အသက် (၄) နှစ်အရွယ် ကလေးမလေးရဲ့ ရုပ်အလောင်းကိုလည်း မိသားစုဝင်တွေက သဂြိုလ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။

ပျူစောထီးတပ်ဖွဲ့တွေဟာ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ကျေးရွာထဲကနေ ပြန်လည်ထွက်ခွာချိန် နှမ်းဆီကန်ရွာသား ၁၀ ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းတဝက်အရောက်မှာတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လနဲ့ နိုဝင်ဘာလမှာလည်း နှမ်းဆီရွာက နေအိမ် ၁၉ လုံးကို စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း We Love Myaing အဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။