ရောဂါကြောင့် စိတ်ဖိစီးမှုများပြီး အမျိုးသမီး ၁ ဦး ကြိုးဆွဲချသေဆုံး

0 3
0 3

မန္တလေး၊ မတ် ၂၉၊ ၂၀၂၃။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်းကျေးရွာမှာ ရောဂါကြောင့် စိတ်ဖိစီးမှုများပြီး အမျိုးသမီး ၁ ဦး ကြိုးဆွဲချ သေဆုံးသွားတယ်လို့ သိရပါတယ်။

မတ်လ ၂၉ ရက်ဒီမနက် ၉ နာရီခန့်မှာ လက်ပံကုန်းကျေးရွာနေ အသက် ၃၇ နှစ်အရွယ် မမြင့်သိန်းဟာ နေအိမ်ထုတ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေခဲ့တာလို့ မိသားစုဝင်တွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ဒေသတွင်း ပရဟိတအဖွဲ့တခုမှာ တာဝန်ရှိသူက ပြောပါတယ်။

“သူ့မိသားစုတွေကနေ သိရတာက သူက အစာအိမ်အနာပေါက်တာကို သူ့ကိုယ်သူသေလူဆိုပြီး သတ်မှတ်ထားတာ။ သူ့ရောဂါနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုများပြီး လုပ်လိုက်တာလို့တော့ သိရတယ်။ ကျန်တဲ့ လူမှုရေးကိစ္စ၊ စီးပွားရေးပြဿနာမရှိဘူး” လို့ ပြောပါတယ်။

မမြင့်သိန်းဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ၃ ကြိမ်လောက် ကြိုးစားခဲ့ဖူးပြီး၊ အခုအကြိမ်မှာတော့ အိမ်သားတွေမရှိချိန်မှာ ကြိုးဆွဲချ သေဆုံးသွားတာလို့လည်း ဆိုပါတယ်။

သေဆုံးသူမှာ အမျိုးသားနဲ့ သား ၁ ဦးကျန်ရှိခဲ့ပြီး အလောင်းကိုတော့ ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်ကလည်း ပြင်ဦးလွင်မြို့ မြို့မစျေးကြီးအနီးရှိ ငွေလှိုင်းဖြူ ဆေးဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဇော်ဝင်းဟာ ဆိုင်အတွင်းမှာပဲ ကြိုးဆွဲချသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။