12 July 2026 7:29 AM

မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက် (အားကစားသတင်း)

0 43
0 43

မြေလတ်အသံ၊ စက်တင်ဘာ ၁၅၊ ၂၀၂၅။

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ နောက်ဆုံးပွဲစဉ် မန်ချက်စတာဒါဘီမှာ မန်ချက်စတာစီးတီးကို မန်ချက်စတာယူနိုက်တက်က ၃ – ၀ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

ရာသီအဖွင့်ပွဲ ဝုဗ်ကို ဂိုးပြတ်နိုင်ပြီးတဲ့နောက် ၂ ပွဲဆက် ရှုံးပွဲကြုံခဲ့ရတဲ့ မန်စီးတီးအသင်းက ဒီပွဲမှာအနိုင်ရလဒ်အတွက် ဦးတည်ကစားလာခဲ့သလို ဒီရာသီ ၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲရယူနိုင်ခဲ့သေးတဲ့ ယူနိုက်တက်ကလည်း ဒဏ်ရာကြောင့်မပါဝင်နိုင်တဲ့ ကွန်ညာ ကလွဲလို့ အကောင်းဆုံးပုံစံနဲ့ပွဲထွက်လာခဲ့ပြီး ပွဲချိန်အစောပိုင်းမိနစ်တွေမှာ မန်စီးတီးကို အပြိုင်ကစားနိုင်ခဲ့ပါသေးတယ်။

ပွဲကစားချိန် ၁၇ မိနစ်မှာ ဒိုကူရဲ့ ဖန်တီးပေးမှုကနေတဆင့် ဖိုဒန်ရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ အိမ်ရှင် မန်စီးတီးအသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့တာပါ။

အဲ့ဒီနောက် ဒုတိယပိုင်း ၅၃ မိနစ်မှာ ဒိုကူရဲ့နောက်တကြိမ်ဖန်တီးမှုကနေ ဟာလန်းက ဒုတိယအနိုင်ဂိုးကိုသွင်းခဲ့ပြီးတဲ့နောက် ယူနိုက်တက်အသင်းရဲ့ ကစားပုံအခြေအနေပါ ပိုမိုဆိုးရွားလာခဲ့ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ၆၈ မိနစ်မှာ လုခ်ရှောရဲ့အမှားကနေတဆင့် ဘနာဒိုဆေးလ်ဗားရဲ့ဖန်တီးမှုကို ဟာလန်းက ဂိုးသမားနဲ့တဦးချင်းအတွေ့မှာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ၃-၀ နဲ့ အနိုင်ရလဒ်ကို သေချာစေခဲ့တာပါ။

လက်ကျန်မိနစ်တွေမှာတော့ ယူနိုက်တက်က ချေပဂိုးရယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် မန်စီးတီးဂိုးသမားသစ် ဒွန်နာရမ်မာရဲ့လက်စွမ်းပြမှုတချို့ကြောင့် ဂိုးကံခေခဲ့ရသလို ယူနိုက်တက်ဘက်ကလည်း မန်စီးတီးနောက်တန်းနဲ့ ဂိုးသမားကို ထိရောက်တဲ့ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့လို့ ဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

မန်ချက်စတာဒါဘီပွဲအပြီးမှာတော့ မန်စီးတီးက အဆင့် ၈ နေရာ၊ ယူနိုက်တက်က အဆင့် ၁၄ နေရာတို့မှာ အသီးသီးရပ်တည်နေကြပါတယ်။

ရာသီအစမှာတင် အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ပွဲကြပ်တွေရင်ဆိုင်ရပြီး ရလဒ်တွေဆိုးရွားနေတဲ့ မန်ချက်စတာယူနိုက်တက်က လာမယ့် စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာလည်း ချဲလ်ဆီးနဲ့ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။